အခန်း(၁၀၃၀)

249 29 4
                                    

အခန်း(၁၀၃၀)

မင်းခြေထောက်ကို ချိုးပစ်မယ်။









Gu Qishao ၏ ဟာသမှာ အလွန်ကျယ်လောင်သော်လည်း ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ဘေးနားရှိ Long Feiye မှာ ကြားလိုက်ကာ အဝေးမှ Han Yunxi နှင့် Gu Beiyue တို့မှာလည်း ကြားလိုက်ရသည်။ သာယာပျော်ရွှင်သောလေထုမှာ ချက်ခြင်းအေးစက်သွားကာ အဖွဲ့အား တိတ်ဆိတ်မှုက လွှမ်းခြုံလာသည်။ပေါ့ပေါ့တန်တန် သဘောထားလျှင် Gu Qishao မှာ Long Feiye အား ရန်စနေခြင်းပင်။ အလေးအနက်ထားလျှင် Gu Qishao မှာ Long Feiye နှင့် Gu Beiyue ကြားတွင် သဘောထားခွဲ နေခြင်းပင်။ Gu Beiyue မှာ အနောက်ချင်၏အစိတ်အပိုင်းဖြစ်သည်။

လူတိုင်း၏အကြည့်များမှာ Long Feiye ဆီသို့ ပျံသန်းသွားစဉ်တွင် သူ၏အမူအရာမှာ အေးစက်နေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ Long Feiye မှာ အရင်မသတ်ခင် Han Yunxi မှာ Gu Qishao အား လွင့်ထွက်သွားရန် ကန်ထုတ်ချင်နေသည်။ Gu Beiyue မှာ ရိုးရိုးရှင်းရှင်းသာ ရယ်မောပြီး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ သူက ပြန်၍ စနောက်လိုက်သည်။ “အရှင့်သား၊ တကယ်လို့ ဒီလိုဖြစ်ရင် သတိထားသင့်တယ်။”

Gu Beiyue မှာ သူ့ကိုယ်သူ ရှင်းပြရန် အလျင်လိုနေမည်ဟု ယူဆထားကြသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။ သို့သော် သူက  ဆက်လက် စနောက်ရန် Gu Qishao ၏ အတွေးရထားနောက် အမှန်တကယ် လိုက်သွားခဲ့သည်။ Baili Mingxiang မှာ Gu Beiyue ထံ လှမ်းကြည့်လိုက်သော်လည်း သူ၏ အသွင်အပြင်တွင် အပြစ်ရှိကြောင်း  အရိပ်အယောင် မတွေ့ရပေ။ သူက သဘာဝကျစွာ သက်တောင့်သက်သာဖြင့် ပွင့်လင်းကာ ပုံမှန်ပင်။Baili Mingxiang မှာ သမားတော်ကု အကြောင်း အရာများစွာ နားလည်ခဲ့သော်လည်း သူ၏ ငြိမ်သက်မှုကို ဆုပ်ကိုင်မထားနိုင်ခဲ့ပေ။ နှလုံးသားတွင် ခံစားချက်မရှိလျှင် ဤသို့အခြေအနေမျိုးတွင် ဟန်ဆောင်ရန် မဖြစ်နိုင်ပေ။ သူက ဘယ်လိုလုပ်နိုင်သည်လဲဟု သူမ အမှန်တကယ်မေးချင်သည်။

သိမ်ငယ်တာ ဒါမှမဟုတ် မနိမ့်ကျပဲ ရှင့်ရဲ့သခင်ကို ဘယ်လို သဘောကျနိုင်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now