အခန်း(၁၁၉၁)

248 26 2
                                    

အခန်း(၁၁၉၁)

ရှင် ကျွန်မကို ထားခဲ့ပြန်ပြီ။







Mu Linger မှ Gu Beiyue ၏ စာကြည့်ခန်းအတွင်း ပြေးသွားချိန်တွင် သမားတော်မှာ ဆေးအဖွဲ့များဖြန့်ကျက်ရေးနှင့်ပတ်သက်၍ လက်ထောက်ကျောင်းအုပ် နှင့် အကြီးအကဲများဖြင့် ဆွေးနွေးနေဆဲဖြစ်သည်။ Gu Beiyue မှာ မြောက်ပိုင်းလီသို့ ကိုယ်တိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။ Mu Linger မှာ ရဲတင်းပြီး စိတ်မြန်လက်မြန် ရှိသော်လည်း အခြားသူများအားလုံးကို မြင်လျှင် ဘေးနားတွင် စောင့်ဆိုင်းရန် လုံလောက်စွာ အသိတရားရှိနေသည်။

၎င်းကိုမြင်လျှင် လူအုပ်ကြီးမှာ အရိုအသေပေးပြီး ထွက်သွားကြသည်။ Gu Beiyue မှာ အလျင်စလိုမေးလိုက်လေသည်။ “မိန်းကလေးလင်းအာ ဘာဖြစ်နေတာလဲ။ ချီရှောက် မှာ တစ်ခုခုဖြစ်သွားတာလား။"

သူက Gu Qishao တွင် ကြီးလေးသော ပြသနာများ မရှိနိုင်တော့ကြောင်း သေချာပြီးနောက် သူမနှင့်သာ ထားခဲ့သည်။ ထို့ကြောင့် သူက ထိတ်လန့်ခြင်းမရှိပေ။Mu Linger မှာ နေရာကို ရှင်းလင်းသွားသည်ကို မြင်လိုက်ရသော်လည်း စိတ်မသက်သာသေးပေ။ သူမက Gu Beiyue ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကာ တိုးတိုးတိတ်တိတ် မေးမြန်းလိုက်သည်။ "ရှင်က ချင်မျိုးနွယ် ရဲ့ အကြီးဆုံး သခင်မလေးနဲ့ လက်ထပ်တော့မယ်လို့  ကြားတယ်။"

Gu Beiyue မှာ အံ့အားသင့်သွား အပြုံးဖြင့် ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။ “အင်း... အဲဒါ အမှန်ပါပဲ။"

Mu Linger မှာ ထိတ်လန့်သွားတော့သည်။ ဘီးတပ်ကုလားထိုင်ပေါ်မှ မိန်းကလေးကို ဘေးဖယ်ထားလိုက်လျှင်တောင် ဆေးမြို့တော်၏ အကောင်းဆုံးအမျိုးသမီးပင်လျှင် Gu Beiyue ဖြင့် ထိုက်တန်သော တွဲဖက်မဖြစ်နိုင်ပေ။ သူက ငယ်ရွယ် ထက်မြက်ပြီး ရုပ်ရည်ချောမောကာ နူးညံ့သိမ်မွေ့သော စိတ်ထားရှိသူပင်။ သူ၏ အဆင့်အတန်းနှင့် ရာထူးမှာ မြင့်မားသည်။ သူ၏ ကိုယ်ခံပညာမှာ အားကောင်းပြီး သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း ထူးချွန်သည်။ သူကဲ့သို့ အမျိုးသားတစ်ယောက်မှာ ဇနီးတစ်ယောက်ရှာရန် ဘယ်လိုအခက်အခဲရှိနိုင်မည်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now