အခန်း(၁၁၅၁)
အတိတ်မှ အမှန်တရား။
တိတ်ဆိတ်မှုက ကျယ်ပြောလှသော ခန်းမကြီးပေါ်သို့ လွှမ်းခြုံသွားသည်။ Han Yunxi ၏ သတိပေးချက်မှာ အခန်းထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
သတိပေးချက်…
Long Feiye မှာပင် စိုးရိမ်ပူပန်နေမိသည်။ သူက Han Chen ဖြင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ပြီး ထိုလူ၏ အင်အားကို ကောင်းစွာသိနေသည်။ သို့တိုင် ဇနီးသည်၏ ဒေါသနှင့် သတ္တိအတွက် သဘောကျရပြန်သည်။ လမ်းလျှောက်ရင်း သူက သူမကို အကာအကွယ်ပေးကာ စကားစရန် ပြင်လိုက်စဥ် Han Chen မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အေးစက်သော ထိုလူမှ ပြုံးလိုက်ချိန်တွင် အတော်လေး ဆွဲဆောင်မှုရှိသည်ဟု ဆိုရမည်။ Gu Qishao နှင့် Gu Beiyue မှာ ဘေးမှ ကြည့်နေပြီး သူက Long Feiye ၏ အဖေနှင့် ပိုတူသည်ဟု ခံစားနေရသည်။အနည်းဆုံးတော့ သူတို့၏ ကိုယ်ရည်ကိုယ်သွေးများမှာ လိုက်ဖက်လေသည်။
"ဟီးဟီးဟီး၊ မင်းက ဒီဂုဏ်သရေရှိလူကို သတိပေးနေတာလား။" Han Chen မှ မေးလိုက်သည်။
Han Yunxi ၏ မျက်နှာမှာ အေးစက်နေဆဲပင်။ “ဟုတ်တယ်။" သူမ အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
"ဟီးဟီး၊ ငါ့ဝံပုလွေဂိုဏ်းရဲ့ မျိုးဆက်တွေက ဒီလိုမျိုး သတ္တိလိုတယ်။ ငါ့သမီးအဖြစ် မင်းက ဒီဂုဏ်အသရေရှိလူကို စိတ်မပျက်စေဘူး။" Han Yunxi အပေါ် Han Chen ၏ အကြည့်များမှာ နောက်ဆုံးတွင် ကျေနပ်မှု လက္ခဏာများ ပေါ်လွင်လာသည်။
အမှန်တွင် Han Yunxi ကိုယ်တိုင်မှာ အတော်လေး ကြောက်ရွံ့နေသော်လည်း အကြီးအကဲမှ အသေးစိတ်အချက်အလက်များကို တွက်ကပ်နေခြင်း မရှိလျှင်တိတ်တဆိတ် အသက်ရှူသွင်းလိုက်သည်။ သူမက လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။ “ရှင်က နောက်ဆုံးအကြိမ် ယဇ်ပလ္လင်မှာ ကျွန်မတို့တွေ့ခဲ့တဲ့ အနက်ဝတ်နဲ့လူလား။”
“အင်း။” Han Chen မှ ဝန်ခံလိုက်သည်။ သူက နက်နဲကုန်းမြေကြီးသို့ မထွက်ခွာမီ အနည်းဆုံး အနှစ် (၂၀)လုံး နှင်းဝံပုလွေ သုသာန်တွင် ကျင့်ကြံနေ ခဲ့သည်။ သူက တိမ်တိုက်ကုန်းမြေကြီးတွင် ကြာရှည်မနေသကဲ့သို့ အာဏာရုန်းကန်မှုများကိုလည်း စိတ်မ၀င်စားပေ။ ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်၊ ယနေ့ နှင်းဝံပုလွေဂိုဏ်း၏ ယဇ်ပုရောဟိတ်ဖြစ်ပြီး အမှောင်ယဇ်ပုရောဟိတ်များ၏ ဆင်းသက်လာသူအဖြစ်၊ သူ၏ဖခင်မှာ အမှောင်ယဇ်ပုရောဟိတ်ဖြစ်ပြီး မိခင်မှာ နှင်းဝံပုလွေ မျိုးနွယ်ဝင်ဖြစ်သည်။ သူ့တွင် နှင်းဝံပုလွေမျိုးနွယ်၏ အသန့်စင်ဆုံးသော သွေးရှိပြီး Bai Yanqing မှာ ရိုးရှင်းစွာဖြင့် အလင်းယဇ်ပုရောဟိတ် နှင့် အဆိပ်ဂိုဏ်းဝင်တစ်ဦး၏ အမျိုးအနွယ်ဖြစ်သည်။မျိုးဆက်များစွာလွန်သွားပြီးနောက်တွင်၊ Bai Yanqing ၏သွေးမှာ မူလ နှင်းဝံပုလွေမျိုးနွယ်၏ မြင့်မြတ်သော ခြေရာများ နည်းပါးသွားခဲ့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...