အခန်း(၁၀၁၉)
ကောင်းကင်ကြီး ပြိုလဲသွားလေပြီ။
မီးတောက်တွင်းမှ ပြောလိုက်သည့် Gu Qishao ၏ စကားသံမှာ ကြမ်းတမ်းနေသည်။
" Long Feiye ၊ မင်းက ဒီအဘိုးကြီးအတွက် အဆိပ်ကောင်မလေးကို စောင့်ရှောက်ပေးရုံပဲ။ တခြားဘာမှ စိတ်မပူနဲ့။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ဒီအဘိုးကြီးက တောင့်ခံနိုင်တယ်။”
သူက လူကိုယ်တိုင်ကြုံတွေ့ပြီးနောက် ကောင်းကင်မီး၏ စွမ်းအားကို နားလည်နိုင်သည်။ အမှန်တွင် Gu Qishao မှာ ကန့်သတ်ချက်သို့ ရောက်နေပြီ ဖြစ်သည်။ သို့ရာတွင် သူ့အတွက် သေရန်မှာ မဖြစ်နိုင်ပေ။ အတိတ်တွင် ဒဏ်ရာများ ဘယ်လောက်ပင် ရထားပါစေ၊ အဆိပ်များ ဘယ်လောက်ပင် မိထားပါစေ သူက အမြဲတစေ ကောင်းကောင်း ရှင်သန်နေခဲ့သည်။ သူ၏ အပြင်းအထန်ကန့်ကွက်မှုမှာ ဤအချက်ကို Long Feiye ထံ သတိပေးရန်ပင်။ သူက ဘယ်လောက်ပဲ လောင်ကျွမ်းနေပါစေ မသေနိုင်ပေ။ အများဆုံးမှာ မီးလောင်ဒဏ်ရာများသာ ရရှိနိုင်လောက်သော်လည်း ဤမီးမှာ သူ့အား ပြာအဖြစ်သို့ လျှော့ချနိုင်မည် မဟုတ်ပေ။ သူ၏ တစ်ကိုယ်လုံးတွင်သာ အမာရွတ်များ ရှိကောင်းရှိလာနိုင်လိမ့်မည်။
အကယ်၍ သူက မီးလောင် သေရမည်ဆိုလျှင်တောင် အဆိပ် ကောင်မလေး အတွက် ဤသို့ ပြစ်ဒဏ်မျိုးကို ဘယ်တော့မှ ခွင့်မပြုနိုင်ပေ။ လက်ရှိအခြေအနေများတွင် သူက ပို၍ ခွင့်မပြုနိုင်ပေ။ သူ၏ ပြောဆိုချက်မှာ Long Feiye အတွက် သူ၏ ရည်ရွယ်ချက်များအား နားလည်ရန် လုံလောက်နေသည်။
Long Feiye မှာ Han Yunxi အား ဖမ်းကိုင်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။ “လိမ်လိမ်မာမာနေ... ဟုတ်လား.. ကိုယ်က သူ့ကိုသေခွင့်ပြုမှာမှာမဟုတ်ဘူး။"
“ကောင်းပြီ။" Han Yunxi မှ မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ သူမက ဤမျှလောက် ကျိုးနွံနေခြင်း မရှိသလောက်ပင်။ အချိန်မှာ တင်းကျပ်နေသဖြင့် Long Feiye မှာ ဤမူမမှန်မှုအား သတိမထားမိပဲ မီးဖိုထိပ်သို့ တန်းတန်းမတ်မတ် ပျံတက်သွားလိုက်သည်။
၎င်းအားမြင်လျှင် Gu Qishao မှ အော်ဟစ်လိုက်လေသည်။ "Long Feiye မင်း ဘာလုပ်နေတာလဲ။လူစကား နားမလည်နိုင်ဘူးလား။” သူ၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသည်။ သူ၏ အရေပြားမှပင် အလွှာလိုက် ခြစ်ချခံနေရသကဲ့သို့ ခံစားနေရသည်။ အမှန်တကယ့်ကို စူးစူးရှရှ နာကျင်မှုတစ်ခုပင်။ ဝေဒနာမှ သူ့အား ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေရန် တွန်းအားပေးနေသော်လည်း သူက အဆုတ်ကွဲမတတ် အော်လိုက်ဆဲပင်။ “Long Feiye၊ မင်း ဒီက ပြန်သွား။ ဆင်းသွား။မင်းရဲ့ အသိစိတ်တွေကို မီးရှို့ခံလိုက်ရတာလား။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...