အခန်း(၁၁၂၂)
Mu Xin က မင်းကို မလိုချင်တာ မထူးဆန်းဘူး။
Han Yunxi မှာ စတုတ္ထ သခင်မလေးရမ် ကို အခန်းအပြင်သို့ ဆွဲခေါ်သွားချိန်တွင် Bai Yanqing မှာ ကျောက်စိမ်းကို ဖမ်းယူရန် သွားနေပြီဖြစ်ပြီး၊ ၎င်းမှာ အနှစ်တစ်သောင်း အလောင်း ကျောက်စိမ်းမဟုတ်ကြောင်း သတိပြုမိ သွားတော့သည်။
"သူမကို တားလိုက်..” သူက သူတို့၏နောက်မှ လိုက်လာရင်း အော်လိုက်လေသည်။ သို့ရာတွင် Han Yunxi မှာ Hao San ၏ခြေထောက်နှစ်ဖက်လုံးကို အဆိပ်ခတ်ထားပြီးဖြစ်ကာ မှောင်ပိန်းနေသည့် စင်္ကြံထဲကို ပြေးဝင်သွားလိုက်သည်။ သူတို့၏ ရှေ့တွင် ဥမင်နှစ်ခုရှိနေသည်။ ချောက်ကမ်းပါးဆီသို့ ဦးတည်သွားသော ဘယ်ဘက်တွင် အလင်းရောင်ရှိသော်လည်း အောက်ရှိ မှောင်မိုက်သော တောအုပ်ထဲတွင် အဆိပ်ဂိုဏ်း၏ ယဇ်ပလ္လင်သည် ရှိနေနိုင်ဖွယ်ရှိသည်။ Han Yunxi မှာ သူမကို အမှောင်ခန်းငယ်လေးတွင်းမှ ပထမဆုံး ခေါ်လာချိန်တွင် ပထမဆုံး စဉ်းစားမိခဲ့သည့် ပြသနာတစ်ခုပင်။
ဤတစ်ကြိမ်တွင် သူမ ညာဖက်သို့ မဆိုင်းမတွ ပြေးလာလိုက်သည် ။ အကျဥ်းကျနေစဉ်တွင်၊ သူမက ဖြေရှင်းနည်းများစွာနှင့် မည်သည့်လမ်းသို့ ပြေးရမည်ကို စဉ်းစားထားပြီးဖြစ်သည်။ ဘယ်ဘက်ခြမ်းမှာ နှစ်လိုဖွယ်ဖြစ်သော်လည်း အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ Bai Yanqing မှာ သူမကို ထွက်ပေါက် အနီးတွင် ဘယ်တော့မှ ပိတ်လှောင်ထားမည် မဟုတ်ပေ။ ဤနည်းဖြင့် ထွက်ပြေးရန် လွယ်ကူသည်ဟု ထင်ရသော်လည်း စစ်မှန်သော အန္တရာယ်များနှင့် အနီးစပ်ဆုံး ဖြစ်နိုင်သည်။ Bai Yanqing မှာ ထိုနေရာ၌ စောင့်ဆိုင်းနေရန် အခင်းအကျင်းတစ်ခုကို ထားခဲ့လိမ့်မည်ဟု သူမ ခန့်မှန်းနိုင်သည်။ သူမ ထွက်ပြေးပြီး ချက်ချင်း ပိတ်မိမနေလိုပေ။ သူမ၏ အကောင်းဆုံးရွေးချယ်မှုက ဦးတည်ချက်မှန်ရန်ပင်။ သူမ ပိတ်မိနေခြင်း မရှိသရွေ့ သူမတွင် လွတ်မြောက်ရန် အခွင့်အရေး ရှိလိမ့်မည်။
အကယ်၍ ကြည်လင်လေညှင်းတောင်ထိပ်ရှိ မြေအောက်နန်းတော်မှာ ဘုရင့်တောင်ထိပ်ရှိ တစ်ခု နှင့် ကိုက်ညီပါက အခြားထွက်ပေါက်မှာ သစ်ပင်ပေါ်မှ တစ်ဆင့် ထွက်ခွာရခြင်း ဖြစ်လိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...