WARNING
--------------Emetophobia (ပျို့အန်ခြင်းကို ကြောက်ရွံ့မှု) ရှိသူများ သတိပြုပါ။
--------------အခန်း(၁၀၇၅)
ဒါက ရွံ့စရာကြီး မဟုတ်ဖူးလား။
မန်နေဂျာ Jin မှာ သတိလစ်နေကာ ဆေးကို ဘယ်လိုသောက်ခဲ့သည်လဲ။ အကယ်၍ ၎င်းမှာ ကျိုထားသည့် ဆေးရည်သာဖြစ်လျှင် Mu Linger မှာ သူ၏နှုတ်ခမ်းကိုဖွင့်ပြီး ထိုနည်းအတိုင်း ကျွေးနိုင်သော်လည်း အရည်ကျိုရန်အတွက် ဂူထဲတွင် မီးဖိုချောင်သုံးပစ္စည်းကဲ့သို့ မည်သည့်အရာမျှ မရှိပေ။မန်နေဂျာ Jin ၏ မျက်လုံးများသည် သံသယများဖြင့် လင်းလက်သွားကာ နောက်ဆုံးတွင် Mu Linger ကို ငေးကြည့်နေမိသည်။ သူက ယခု သူမ ဘာလုပ်မည်ဆိုသည်ကို စောင့်ကြည့်နေလေသည်။
Mu Linger မှာ ဆေးဖက်ဝင်အပင်များစုပုံထားသည့် ထောင့်တစ်နေရာသို့ ချက်ချင်းသွားလိုက်သည်။အားလုံးမှာ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီး အခြောက်ခံထားခြင်းပင်။ အသီးအနှံများလည်း ရှိနေသည်။ သူမက နေ့စဥ် မစွန့်စားဝံ့သော်လည်း နှစ်ရက်သုံးရက် တစ်ကြိမ် ထွက်ကြည့်ခဲ့သည်။ အချိန်တိုင်း သူမက ဆေးပစ္စည်းများနှင့် အသီးအနှံ အများအပြားဖြင့် ပြန်လာလေ့ရှိသည်။ ဆေးပင်များမှာ မန်နေဂျာ Jin အတွက်ဖြစ်ပြီး၊ အသီးအနှံများမှာ သူမ၏ကိုယ်ပိုင်အတွက် ဖြစ်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူမက အများကြီးစားစရာမလိုပဲ သက်သတ်လွတ်စားရသည်ကို ပို၍ သဘောကျသူပင်။သူမ၏နေရာတွင် သာမန်လူတစ်ဦးမှာ အသီးအနှံများကို ရက်အတော်ကြာအောင် စားနိုင်မည် မဟုတ်ပေ။
Mu Linger မှ စတင်လမ်းလျှောက်သွားချိန်တွင် ကျားဖြူကြီးမှာ နောက်မှ ချက်ချင်းလိုက်လာကာ ဆေးဖက်ဝင်အပင်များစုပုံထားသည့် နေရာဘေးတွင် ဝပ်တွားနေသည်။ Mu Linger မှာ အပုံထဲမှ အပင်ခုနစ်ပင်မှ ရှစ်ပင်ကို ရောနှောပေါင်းစပ်ရန် မျိုးကွဲတစ်ခုစီမှ အပင်တစ်ပင်စီကို ဂရုတစိုက် ရွေးချယ်ကာ ကောက်ယူလိုက်သည်။ မန်နေဂျာ Jin မှာ Mu Linger ၏ ဘေးတွင် ကပ်နေသော ကျားကို ဂရုမစိုက်ပဲ တစ်စုံတစ်ရာအား စဉ်းစားနေစဉ် သူမ၏ နောက်ကျောကို ရိုးရှင်းစွာ ကြည့်နေခဲ့သည်။ သူက မသိစိတ်ဖြင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်ချိန်တွင် သူမက သူ၏ ဘက်သို့ လှမ်းလာသည် ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...