အခန်း(၁၁၇၃)

236 23 2
                                    

အခန်း(၁၁၇၃)

နင်ချန်၏ ဇွဲ။






Baili Mingxiang မှ ကျောက်မားမားထံ ပေးလိုက်သည်မှာ အစားအသောက်စာရင်းအပြင် အခြားမဟုတ်ပေ။

“ မားမား ကျွန်မ လွန်ခဲ့တဲ့ လဝက်မှာ မင်းသမီးရဲ့ အစားအသောက်တွေကို တာဝန်ယူခဲ့တယ်။" သူမ ရှင်းပြလိုက်သည်။ “ဒါတွေက သူမ ကြိုက်တာတွေ၊ မကြိုက်တာတွေနဲ့ သူမကို မအီမသာဖြစ်စေတာတွေပါ။”

ကျောက်မားမားမှာ အလွန်အမင်း ဝမ်းသာသွားတော့သည်။ "ကောင်းတယ်… ကောင်းတယ် ကောင်းတယ်။ ငါက နောက်မှ သေသေချာချာ လေ့လာကြည့်လိုက်မယ်။" ယနေ့တွင် မင်းသမီး၏ စားချင်စိတ်ဖြင့် ကိုက်ညီခြင်း မရှိမည်အား စိုးရိမ်ကာ သူမက ဟင်းမျိုးစုံနှင့် စွပ်ပြုတ်မျိုးစုံကို ပြင်ဆင်ခဲ့သည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တစ်ခါတစ်ရံတွင် ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ရှိချိန် သို့မဟုတ် ကိုယ်ဝန်ဆောင်နှောင်းပိုင်းတွင် အစာစားချင်စိတ်များ ပျက်ယွင်းနေတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ကြီးမားသော ကွဲပြားမှုများ ရှိလေသည်။
 
ကျောက်မားမားမှာ  မင်းသမီးအတွက် အလုပ်လုပ်ပေးရခြင်း မရှိသည်မှာ ကြာပြီဖြစ်သောကြောင့် သူမ၏ အခြေအနေနှင့် ပတ်သက်၍ မရှင်းလင်းပေ။ Baili Mingxiang ၏စာရင်းဖြင့် သူမက ရုတ်တရက် ပို၍သက်တောင့်သက်သာရှိလာသည်။ Baili Mingxiang မှာ နေ့စဉ်ဘ၀နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်အချို့ကို ကျောက်မားမားထံ ပြောပြလိုက်သည်။ အမျိုးသမီးကြီးမှာ အားလုံးကို စိတ်နှလုံးထဲ စွဲမြဲစွာ မှတ်ထားလိုက်လေသည်။ 

ကျောက်မားမားမှာ မတတ်သာပဲ စိတ်မကောင်းဖြစ်မိသည်။ ဒီကောင်မလေးက မင်းသမီး အနားမှာနေနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သို့သော် အသေးစိတ်စဉ်းစားသောအခါတွင်၊ ထိုရွေးချယ်မှုအတွက် ဖြစ်နိုင်ခြေလမ်းကြောင်းနှစ်ခုသာ ရှိသည်ကို သူမ သဘောပေါက်လိုက်သည်- Baili Mingxiang မှာ အရှင့်သား၏ မောင်းမများထဲမှ တစ်ဦးဖြစ်လာရမည် သို့မဟုတ် တစ်သက်လုံး အစေခံအဖြစ် နေရမည်ပင်။

တော်ဝင်မိသားစုကို ဘေးဖယ်လိုက်လျှင်ပင် သာမန်ချမ်းသာသော မိသားစုများတွင်တောင် မျိုးရိုးတွင်းသို့ အိမ်ထောင်ကျလာသည့် အစေခံမိန်းကလေးများ ရှိကြသည်။ ကံမကောင်းစွာပဲ အရှင့်သား၏ ကိစ္စတွင် ၎င်းမှာ အလုပ်မဖြစ်နိုင်ကြောင်း ကျောက်မားမားမှာ အလွန်ရှင်းလင်းနေသည်။ မိန်းကလေးမင်ရှန်း၏ ရှေ့ရေးမှာ ဤနေရာတွင်သာနေလျှင် နှောင့်နှေးသွားလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now