အခန်း(၁၁၅၇)
ကိစ္စတွေက ဝေဝါးနေရင် ဘာမဆို ရဲရဲဝံ့ဝံ့ လုပ်ပါ။
ဆောင်းဦးနှောင်းပိုင်း။
မြောက်လေအေးကြောင့် ကြည်လင်လေညှင်းတောင်ထိပ် ပေါ်ရှိ အပင်များမှာ ဆိတ်ညံနေသည်။ Su Xiaoyu မှာ တောင်ထိပ်သို့ ရောက်သည်နှင့် အဝေးတွင် အရပ်မြင့်မားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ နောက်ကျောကို လက်နှစ်ဖက် ပစ်ကာ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေသည်။ နက်မှောင်သော ဆံပင်များဖြင့် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် သူ၏ နောက်ကျောမှပင် သူမအား အေးစက်သော အငွေ့အသက်များ ပေးနေသည်။ အကယ်၍ မတူညီသော ၀တ်စုံများအတွက် မဟုတ်လျှင် Su Xiaoyu မှာ သူ့အစား အရှင့်သားဟု ယူဆမိနိုင်သည်။
သူဘယ်သူလဲ..
စီနီယာ Han Chen က ဘယ်မှာလဲ..
တိတ်တဆိတ် ချဥ်းကပ်လာသည်နှင့်အမျှ Su Xiaoyu ၏ နှလုံးသားတွင် သံသယများ ပြည့်နှက်နေသည်။ နောက်တော့ သူမ၏ အမှားကို နားလည်လာသည်။ အဲဒီလူက အရှင့်သားနဲ လုံးဝမတူဘူး!
အရှင့်သား၏ အေးခဲမှုမှာ ဘုရင်တစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်ထားသော အငွေ့အသက်မှ လာလျှင် ဤလူမှာ လူသားအားလုံးနှင့် ဝေးကွာနေသည့် သန့်စင်သော ရေခဲပင်။ သူ၏ နောက်ကျောမှ အကဲဖြတ်ကြည့်လျှင်ပင် သူက ရန်စရန် ခက်ခဲသော သနားညှာတာမှု ကင်းမဲ့သည့် အမျိုးအစားပင်။
ကြည်လင်လေညှင်းတောင်ထိပ် မှာ ပေါ်လာနိုင်သူတိုင်းက တကယ်လို့ ငါတို့ လူမဟုတ်ရင် ဝံပုလွေဂိုဏ်း ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်။ ဒါကြောင့် ဒီလူက စီနီယာ Han Chen ရဲ့ တပည့်တစ်ယောက်ဖြစ်ရမယ်။
သူမ စကားစရန် ပြင်လိုက်သည်နှင့် ထိုလူက ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုသူမှာ ကြာမြင့်စွာတည်းက သူမကို သတိထားမိခဲ့သည်မှာ ထင်ရှားလှသည်။ သူမကို ဓားတစ်ချောင်း ပစ်ချပေးကာ ပြောလာသည်။ “တိုက်ခိုက်ကြည့်ရအောင်..”
Su Xiaoyu မှာ ခြေတစ်လှမ်းဆုတ်ပြီး ဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားတော့သည်။ သူမ လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ "ရှင်ကဘယ်သူလဲ။ လူမှားတွေ့နေပြီ။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...