အခန်း(၁၁၈၇)

301 36 4
                                    

အခန်း(၁၁၈၇)

လင်းအာကို ဘာလုပ်သင့်တယ်ဆိုတာ ပြောပေးလိုက်ပါ။





အချိန်များ အားလုံးတွင် Mu  Linger မှ ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ Han Yunxi မှာ အံ့ဩသွားတော့သည်။ Mu Linger က ဆေးမြို့တော်မှာ မဟုတ်ဘူးလား။

Long Feiye မှာ သူမက ဆေးသွားရှာကြောင်းသာ သိထားသော်လည်း ဤနေရာအထိ တစ်လျှောက်လုံး ရှာဖွေနေမည်ဟု မထင်ခဲ့ပေ။ အရိပ်အစောင့်များမှာ သူမကို ခေါ်လာလျှင် ခရီးပန်းကာ ဖုန်မှုန့်များ ပေကျံနေသည်။ သူမ၏ နူးညံ့သိမ်မွေ့ပြီး လှပသော မျက်နှာလေးတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပေါ်လွင်နေသော်လည်း ကြည်လင်သော မျက်လုံးများက ပြတ်သားတောက်ပနေပြီး အပြုံးတစ်ပွင့်၏ ခြေရာများကို သယ်ဆောင်လာသည်။

ဘေးရှိ စီရင်စုတွင် ယခင်က ပုလိပ်ရောဂါနှင့် ဆင်တူသည့် တစ်စုံတစ်ရာ ကူးစက်ခံထားရသည့် လူနာအနည်းငယ်ရှိနေကြောင်း သူမ ကြားသိရပြီးနောက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကာ ပုလိပ်ရောဂါဝေဒနာရှင်များထံမှ မူလအဆိပ်ဆေးကို ပြန်လည်ဖန်တီးနိုင်မည်ဟု မျှော်လင့်နေခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ ကြိုးစားမှုများအားလုံးပြီးနောက်တွင်ပင် မအောင်မြင်ခဲ့ပေ။ ထိုနေရာတွင် လက်စသတ် ပြီးလျှင် အစ်မဖြစ်သူကို အံ့အားသင့်သွားစေရန် ကြိုမပြောပဲ ဤနေရာသို့ အမြန် လာခဲ့လိုက်သည်။ သူမ၏ တူလေးအတွက် လက်ဆောင်တစ်ခုပင် ပြင်ဆင်လာလေသည်။ 

ယခုမူ Mu Linger မှာ စုံတွဲကို သံသယစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "နှစ်ယောက်က အပြင်သွားမလို့လား။"

Long Feiye နှင့် Han Yunxi မှာ ဘာပြောရမှန်းမသိတော့ပေ။

Mu Linger မှာ မှုန်ကုပ်ကုပ်ဖြင့် ပြန်ပြောလိုက်လေသည်။ "အစ်မ နင့်ရဲ့ မီးတွင်းကာလက မပြီးသေးဘူးမလား။ ဝင်တော့၊ ဝင်တော့ ဘယ်လောက်ပဲ အရေးကြီးနေပါစေ အဲဒါထက် ပိုအရေးကြီးတာ မရှိဘူး။တကယ်လို့ ဒီအတွက် မကောင်းတာတစ်ခုခု ဖြစ်လာရင် နင်က နောင်တရ ရလိမ့်မယ်။"

ကျောက်မားမားနှင့် အစေခံများမှာ စကားတစ်ခွန်းမှ မပြောဝံ့ပဲ ဘေးတွင် ရပ်နေကြသည်။ Mu Linger မှာ သူတို့၏ တိတ်ဆိတ်မှုကို သတိမထားမိပေ။ သူမက ကောင်မလေးတစ်ဦးမျှသာဖြစ်သော်လည်း အတွေ့အကြုံရင့်ကျက်သူတစ်ဦးကဲ့သို့ Han Yunxi  နှင့် စကားပြော နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now