အခန်း(၁၁၆၃)

280 30 0
                                    

အခန်း(၁၁၆၃)

ဘာလို့ ဆူးနွယ်တွေ ဖြစ်နေရတာလဲ။





Gu Beiyue ၏ ဂရုတစိုက်မေးခွန်းထုတ်မှုဖြင့် ရင်ဆိုင်ရလျှင် Gu Qishao မှာ စိတ်မရှည်တော့ပေ။သူက သမားတော်၏ လက်ကို တွန်းဖယ်ကာ ရှင်းပြလိုက်သည်။ “ဒီအဘိုးကြီးက တကယ်ပြန်ကောင်းသွားပြီ။ ဝင်္ကပါထဲမှာ ငါ့ရဲ့ ခံနိုင်ရည်ကို အလွန်အကျွံသုံးခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က စားပြီး အိပ်၊ အိပ်ပြီးစားပဲ လုပ်နေတာ။ တကယ်လို့ မင်းမယုံရင် ငါတို့က ဘာလို့ တစ်ပွဲလောက် မချပဲ နေမလဲ။"

"ကောင်းပြီ၊ တစ်ပွဲပေါ့။" Gu Beiyue မှာ သဘောတူလိုက်လေသည်။

Gu Qishao မှာ အံ့အားသင့်သွားပြီးနောက် သူ၏  ရွေးချယ်မှုကို ရုတ်တရက်နောင်တရ သွားတော့သည်။ “ညဥ့်သန်းခေါင် ရောက်နေပြီ။ အဆိပ်ကောင်မလေးကို ဆူညံနေပြီး နှိုးမိရင် မကောင်းဘူး။ မနက်ဖြန်.. မိုးလင်းပြီးတာနဲ့ အနောက်ဘက် တောင်တန်းတွေပေါ်မှာ ဆုံကြမယ်။ ပေါ်မလာတဲ့သူက လူပျော့လေးပဲ။”

Gu Beiyue ၏နူးညံ့သိမ်မွေ့သောအကြည့်မှာ Gu Qishao ကိုစစ်ဆေးရင်း ရုတ်တရက် တင်းမာသွားတော့သည်။ အကယ်၍ ထိုအမျိုးသားမှ နောက်ဆုတ်သွားခြင်း မရှိလျှင် သူ၏ သဘောထားကို ကြည့်ပြီး နေကောင်းနေသေးကြောင်း ထင်ကောင်းထင်နိုင်သည်။သို့သော် ဤကဲ့သို့သော တိုက်ပွဲမျိုးကို ရှောင်ရှားခြင်းဖြင့် Gu Beiyue မှာ သူက တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း သေချာသွားတော့သည်။ 

Gu Qishao မှာ Gu Beiyue ၏အကြည့်ကို ရှောင်ရန် ထကာ ညည်းညူလိုက်သည်။ "ငါပြောမယ်.. သင်တန်းကျောင်းကျောင်းအုပ်ကု မင်းရဲ့ စတုတ္ထ သခင်မလေးရမ် နဲ့ အချိန်ဖြုန်းမယ့်အစား ငါ့ကို ညသန်းခေါင်မှာ ဘာလို့ နှောင့်ယှက်နေတာလဲ။"

“စတုတ္ထ သခင်မလေးရမ် က ကျွန်တော့်အတွက် မဟုတ်ဘူး။ အဓိပ္ပါယ်မရှိတာ မပြောနဲ့။” Gu Beiyue မှာလည်း မတ်တပ်ရပ်လိုက်သည်။

Gu Qishao မှာ ခေါင်းစဉ်ပြောင်းနိုင်ရန် မျှော်လင့်နေသည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် စားပွဲပေါ်ထိုင်ကာ ရယ်မောလိုက်သည်။ "မင်းက သေချာပေါက် အိမ်ထောင်ပြုမယ်လို့ အရင်က မပြောထားဘူးလား။စတုတ္ထသခင်မလေးရမ် လို တော်တဲ့လူကို မင်းက လက်လွှတ်မလို့ပါ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now