အခန်း(၁၁၈၈)

232 27 3
                                    

အခန်း(၁၁၈၈)

သူက သတိရလာနိုင်မလား။








Gu Beiyue မှာ Gu Qishao အား ဆက်လက် အပ်စိုက်ပေးနေသည်။ Han Yunxi နှင့် Mu Linger မှာ သူက ဘာတွေလုပ်နေလဲမသိသည့်တိုင် သူတို့၏ မျက်လုံးများမှာ Gu Beiyue ၏ လက်များမှ ဘယ်တော့မှ မခွာပေ။ Mu Linger ၏ နှလုံးသားမှာမူ သူမ၏ခြေရင်းတွင် ကွဲကြေနေလေသည်။

တစ်နာရီကြာပြီးနောက် Gu Beiyue မှာ နောက်ဆုံးတွင် စကားပြောလာသည်။ “မင်းသမီး၊ မိန်းကလေး လင်းအာ၊ နှစ်ယောက်က ထွက်သွားသင့်တယ်။ ဒီမှာနေဖို့အဆင်မပြေဘူး။ စိတ်မပူပါနဲ့၊ Gu Qishao မှာ  အန္တရာယ် ကြီးကြီးမားမား မရှိတော့ပါဘူး။” သူက စကားပြောနေစဉ်တွင် Gu Qishao ၏ခန္ဓာကိုယ်မှ အကြည့်များကို ဘယ်တော့မှ မခွာ သကဲ့သို့ သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ခြင်း မရှိပေ။ သူ၏ မျက်လုံးများမှာ သိသိသာသာ သွေးရောင်လွှမ်းနေသော်လည်း တည်ငြိမ်ပြီး အာရုံစိုက်နေသည်။

Han Yunxi နှင့် Mu Linger တို့၏နှလုံးသားများမှာ နောက်ဆုံးတွင် သူတို့၏ရင်ဘတ်ထဲသို့ ပြန်လည်ရောက်ရှိလာသည် ။ နှစ်ယောက်သား မျက်ရည်များဝေ့သီနေသည့် အပြုံးများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများအနေဖြင့် Gu Beiyue ၏စကားများမှာ သတင်းကောင်းများကို ဆိုလိုကြောင်း သိရှိကြပြီး အခန်းမှ ထွက်လာကြသည်။ Han Yunxi မှာ နောက်ရှိ တံခါးကို ကိုယ်တိုင်ကိုယ်ကျ ပိတ်လိုက်လေသည်။ 

အေးမြ လတ်ဆတ်သောလေကို ရှူရှိုက်ပြီးနောက် သူမ၏ ရှုပ်ယှက်ခတ်နေသော ဦးနှောက်သည်လည်း အနည်းငယ် ကြည်လင်လာသည်။ နေရောင်ခြည်မှာ တောင်တစ်ခုလုံးကို နွေးထွေးတောက်ပစွာ လင်းထိန်နေလေပြီ။ ပန်းများအားလုံးသည် ကွင်းပြင်ထဲတွင် ပွင့်လန်းနေပြီး ပန်းခင်းကြီး ကဲ့သို့ပင်။ Long Feiye နှင့် Chu Xifeng တို့မှာ ဆူးပင်၏အကိုင်းအခက်များကို လေ့လာကာ ဆူးပင်အောက်တွင် ရပ်နေကြသည်။Long Feiye မှာ အမျိုးသမီးများ ချဉ်းကပ်လာသည်ကို မြင်လျှင် လမ်းလျှောက်သွားပြီး သူ၏ ဝတ်ရုံကို ချွတ်ကာ Han Yunxi ၏ ပုခုံးပေါ်တွင် တင်ပေးလိုက်သည်။

သူမ သူ့ကို ငြင်းရန် ကြိုးစားလိုက်သည်။ " ကျွန်မ တကယ်ကို မအေးဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now