အခန်း(၁၁၂၃)
ဝင်္ကပါတွင်းမှ စူးရှသော အော်ဟစ်သံ။ ထောင်ချောက်။
အဝေးမှ Gu Beiyue နှင့် Tang Li တို့မှာ Hao San ၏ အလောင်းကို လှမ်းမြင်လိုက်ရသည်။
သူတို့ နှစ်ယောက် ရှေ့သို့ လျှောက်လာရင်း သူ၏ ခေါင်းရှိ သေသည်အထိ ထိုးနှက်ခံထားရသည့် ဒဏ်ရာကို တွေ့လိုက်ကြသည်။ နှစ်ယောက်စလုံးမှာ ထိုလူကို မသိကြသော်လည်း ဤတွင် Bai Yanqing ၏ လက်ချက်မှ အကြွင်းအကျန်များဖြစ်မှန်း သိနိုင်သည်။
“ဒါက ငါ့အစ်ကိုကြီး ဒါမှမဟုတ် Gu Qishao ရဲ့ပုံစံနဲ့ မတူဘူး။ သူတို့က ဒီကို ဒီလောက်မြန်မြန် မရောက်နိုင်ဘူး။” Tang Li မှာ အနီးကပ်ကြည့်ရန် ဝပ်တွားရန် ပြင်ဆင်ရင်း ရေရွတ်လိုက်သည်။
Gu Beiyue မှာ Hao San ၏သွေးနှင့်ပတ်သက်သော ထူးဆန်းသည့် အရာတစ်ခုကို တွေ့ရှိသွားပြီး သူ့အား အလျင်အမြန် တားမြစ်လိုက်သည်။ "သတိထား..၊ သူက အဆိပ်မိနေနိုင်တယ်။"
"ဒါက ငါ့မရီး ဖြစ်နိုင်မလား။" Tang Li မှ အော်လိုက်လေသည်။
"ဖြစ်နိုင်တယ်။" Gu Beiyue မှ စူးစမ်းပြီး ဖြစ်သည်။Bai Yanqing မှာ သူ၏လက်အောက်ငယ်သားကို ရုတ်တရက် ကိုယ်တိုင် သတ်ပစ်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
"ဒါဆို…. ငါ့မရီးက လွတ်သွားပြီလား။" Tang Li မှာ မေးလိုက်သည်။
Gu Beiyue မှာ ကျောက်အကျဥ်းခန်းနှင့် ၎င်း၏ ပွင့်နေသော တံခါးကို တွေ့ရှိထားပြီးဖြစ်သည်။ "သူတို့က အခုထွက်ပြေးနေတုန်းလို့ ပြောရရင် ပိုမှန်လိမ့်မယ်။"
အခန်းထဲကို လှမ်းကြည့်လိုက်ပြီးနောက် Tang Li မှာ အလျင်စလို နောက်မှ လိုက်လာသည်။ သူတို့က ဆေးကြိုရန် အိုးတစ်လုံးနှင့် မထိရသေးသော ပါဝင်ပစ္စည်းများကို တွေ့ရှိလိုက်သည်။ Gu Beiyue မှာ ပစ္စည်းများကို ကြည့်ပြီးနောက် သေချာသွားတော့သည်။ "မင်းသမီးက ဒီမှာ ပိတ်ခံထားရပြီး မကြာသေးခင်ကမှ ထွက်သွားရတာ ဖြစ်ရမယ်။"
အိုးထဲမှ ဆေးများမှာ မသန့်စင်ရသေးချေ။ ထို့အပြင် Hao San မှာ မကြာသေးမီကမှ သေဆုံးသွားခဲ့သည်။ဤသဲလွန်စနှစ်ခုမှ Gu Beiyue မှာ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးကို ခန့်မှန်းလိုက်သည်။Han Yunxi မှာ နောက်ဆုံးထိုးနှက်ချက်ကို ချေမှုန်းခဲ့သည်ဟု သူတို့က ယူဆနေကြသော်လည်း အနည်းနှင့်အများ မှန်ကန်လေသည်။ အမျိုးသားနှစ်ယောက်မှာ စင်္ကြန်ထဲသို့ ပြန်မဝင်မီ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤနေရာတွင် လမ်းနှစ်သွယ်သာရှိပြီး လက်ဝဲဘက်တစ်လမ်းနှင့် ညာဘက်သို့တစ်လမ်းတို့ပင်။ ဘယ်ဘက်မှာ ချောက်ကမ်းပါးဆီသို့ ပြန်သွားပြီး ညာဘက်မှာ အမှောင်ထုဆီသို့ ဦးတည်သွားခဲ့သည်။ သံသယရှိစရာမလိုပဲ Han Yunxi မှာ ညာဘက် ထိုလမ်းမှ ထွက်သွားခဲ့သည်။ မဟုတ်လျှင် သူမက ကြာမြင့်စွာကပင် ခင်းကျင်းမှုတစ်ခုတွင် ပိတ်မိနေလိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Ficción histórica** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...