အခန်း(၁၁၃၆)

233 25 0
                                    

အခန်း(၁၁၃၆)

ပိုင်ယန်ချင်းက ဆုံးရှုံးသွားပြီ။







တစ်ဖြည်းဖြည်း ပုံပေါ်လာသော ဖွဲ့ စည်းပုံ အသေးစိတ်ကို ကြည့်ရင်း Han Yunxi တို့အဖွဲ့ မှာ နိုးကြားလာသည်။ မကြာခင် သူတို့၏ ရှေ့တွင် ဝင်္ကပါ၏ တည်ဆောက်ပုံတစ်ခုလုံးကို မြင်လိုက်ရသည်။ Long Feiye မှာ ၎င်းအား ဝေ့ဝိုက်ကြည့်ရှုကာ ကြေငြာလိုက်သည်။ “သေချာကြည့်။ ဒါက Ning Jing နဲ့ Su Xiaoyu တို့ ရှိနေခဲ့တဲ့ အမြင့်ဆုံးအဆင့်ဖြစ်သင့်တယ်။ ပြီးတော့ ဒီနေရာတွေက အသံချဲ့ကျောက်တုံးတွေနဲ့ တိုင်တွေ ဖြစ်လိမ့်မယ်။”

မကြာခင် အဖွဲ့မှာ ရင်းနှီးသည့် မြေပြင်အနေအထားများကို တွေ့လိုက်ရသည်။ 

“Ning  Jing က ပြုတ်ကျသွားတဲ့ ချောက်ကမ်းပါးက ဒီမှာ..” Han  Yunxi  မှာ အခြားတစ်နေရာကို ထောက်ပြလိုက်သည်။ သူမ ထောက်လိုက်ချိန်တွင် အောက်မှ ဒုတိယအဆင့်ကိုဖော်ပြရန် မြေပုံထဲမှ မြေပုံမှာ ပို၍မြင့်မားလာသည်။ မည်သူမှ မည်သည့်စကားမှမပြောပဲ တိတ်တဆိတ်ကြည့်နေပြီး အသေးစိတ်ပုံစံကို မှတ်သားထားလိုက်သည်။ သူတို့က လက်ရှိတွင် အထက်အလွှာနှင့် အတော်အတန်ဝေးကွာသော ဤဒုတိယအဆင့်တွင် ရှိနေသည်။ မျက်နှာပြင်မှာ အလိုအလျောက် ပေါ်လာပြီး အလွှာနှစ်ခုကြားတွင် ထောင်ချောက်များစွာဖြင့် မူးဝေသွားစေနိုင်သည့် မြင်ကွင်းပင်။ Han  Yunxi ၏အဖွဲ့မှာ ဝင်္ကပါကို စိုက်ကြည့်ရင်း တစ်ချက်ပင် လွတ်သွားမည်အား စိုးရိမ်နေသည်။ ပထမအလွှာနှင့် ဒုတိယအလွှာများ ပုံသဏ္ဍာန် ပေါ်လာပြီးနောက် တတိယအလွှာမှာ ၎င်းတို့အောက်မှ ပေါ်လာသည်။ 

ယခင်က Gu Qishao မှာ ပိတ်မိခဲ့သည့် ဓါးသွားများဖြင့် အခန်းအပါအဝင် ဒုတိယနှင့် တတိယအလွှာကြားတွင် ထောင်ချောက်များစွာ ရှိနေသည်။ Han  Yunxi တို့အဖွဲ့မှာ တိတ်တဆိတ်ဖြင့် မြင်ကွင်းများကို မှတ်သားနေကြသည်။ သူတို့၏ ရှေ့တွင် ဝင်္ကပါတစ်ခုလုံး ပုံသဏ္ဍာန်မပြီးမချင်း အားလုံး အသက်မရှူနိုင်ကြပေ။ ဖြစ်စဉ်တစ်ခုလုံးတွင် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။

Long Feiye ၏ သုံးသပ်ချက်မှာ မှန်ကန်နေသည်။ဤဝင်္ကပါမှာ ကြီးမားသော အုံကြီးတစ်ခုကဲ့သို့ပင်။အစွန်းခြောက်ခုပါသော စုစုပေါင်းအလွှာခြောက်ခုဖြင့် ပြုလုပ်ထားသည့် ဧရာမ ဆဋ္ဌဂံကြီးနှင့်တူသည်။ ၎င်းတို့၏ ဒုတိယအလွှာရှိ ထွက်ပေါက်နှစ်ခုမှလွဲ၍ ကျန်ငါးလွှာမှာ လမ်းပိတ်ချောက်ထောင်ချောက်များဆီသို့ ဦးတည်သွားနေသည်။ အပြင်သို့ ထွက်နိုင်သည့် ချောက်မဟုတ်ပဲ ဝင်္ကပါထဲတွင်သာ ကွယ်ဝှက်နေသည်။ အချို့မှာ အခြားနေရာများထက် ပိုတိမ်သော်လည်း ၎င်းတို့တစ်ခုစီမှာ သတ္တု၊ သစ်၊ ရေ၊ မီး၊ နှင့် မြေ  ဒြပ်စင်ငါးမျိုးတို့ဖြင့် ကိုက်ညီနေသည်။ ထိုချောက်ကမ်းပါးငါးခုမှာ ဝင်္ကပါ၏ အန္တရာယ်အရှိဆုံးအပိုင်းဖြစ်နိုင်သည် ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now