အခန်း(၁၁၃၈)

262 26 2
                                    

အခန်း(၁၁၃၈)

ကုချီရှောက် မင်းလုပ်နိုင်သလား။







Mu Qingwu မှာ ဖြောင့်မတ်နိုင်သည်။ သို့သော် သူက တုံးအနေသူ မဟုတ်ပေ။ အကယ်၍ သူက မင်းသမီးနှင့် အရှင့်သားကို လမ်းကြောင်းတစ်ခုပေါ်သို့ အမှန်တကယ် မျှားခေါ်နိုင်လျှင်ပင် Bai Yanqing မှာ သူ့ကို အမှန်တကယ် လွှတ်ပေးမည်လား၊ အဆိပ်ဖြေဆေးကျွေးမည်လား သို့မဟုတ် ဒိုင်းနမိုက်ထုပ်များကို ဖယ်ပေးမည်လား။

မဖြစ်နိုင်ပေ။ Bai Yanqing မှာ အသုံးပြုပြီးသည်နှင့် လူများကို စွန့်ပစ်နိုင်သူမျိုးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Bai Yanqing မှ သူ့ကို ကယ်တင်ပေးရန် ဆန္ဒရှိ  နေလျှင်တောင်  သူက Han Yunxi နှင့် ကျန်သူများကို သူ၏ အသက်အတွက် ဘယ်တော့မှ ထိခိုက်စေမည် မဟုတ်ပေ။

“အရှင့်သား… မင်းသမီး…” Mu Qingwu မှာ ထောင်ချောက်ရှိနေသောကြောင့် ညာဘက်လမ်းကို ရှောင်ရှားရန် ပြောချင်နေသော်လည်း ကျောက်ခန်း၏ မျက်နှာကျက်မှာ ရုတ်တရက် ပြိုကျလာကာ မီးတိုင်တစ်ချောင်း ပြုတ်လာသည် ။ ထိုအချိန်မှပင် Mu Qingwu မှာ သူက Bai Yanqing ၏ထောင်ချောက်ထဲသို့ ကျသွားခဲ့သည်ကို သိလိုက်လေသည် ။ Bai Yanqing မှာ သူ့ကို ဘယ်တုန်းကမှ လုံးလုံးလျားလျား မယုံခဲ့ပေ။ သူ၏ ရည်ရွယ်ချက်မှာ မင်းသမီးတို့အဖွဲ့ကို ထိုလမ်းအတိုင်း ဆင်းလာစေရန်မဟုတ်ပဲ သူ၏ ခန္ဓာကိုယ်တွင် ချိတ်ထားသော ဖောက်ခွဲရေးပစ္စည်းများဖြင့် တစ်ချက်တည်း သတ်ပစ်ရန်ပင်။

စက်ဆုပ်စရာ ကောင်းလိုက်တာ….

Mu Qingwu မှာ  အဆိပ်၏ သက်ရောက်မှုကြောင့် ခွန်အားမရှိတော့သဖြင့် ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ပေ။ မြေပြင်ပေါ်မှာ ဝပ်နေလျှင်တောင်  သူ၏ နောက်ကျောတွင် ဒိုင်းနမိုက်များ ချည်နှောင်ထားဆဲပင်။

သူက အသံမြှင့်ကာသာ အော်နိုင်သည်။ “ကျွန်တော့်ခန္ဓာကိုယ်မှာ ဒိုင်းနမိုက် တွေရှိတယ်… ထွက်သွား။ မြန်မြန်!"

Han  Yunxi တို့အဖွဲ့မှာ ထိတ်လန့်သွားတော့သည်။ 
မီးမလောင်ခင် စက္ကန့်ပိုင်းလောက်တွင် Gu Beiyue မှာ Mu Qingwu ကို လမ်းထဲမှ ရုတ်တရက် ရွှေ့လိုက်ပြီး မီးရှူးတိုင်ကို လက်ကိုင်မှ ဖမ်းလိုက်သည်။ ထိုအချိန်တွင်၊ Gu Qishao မှာ လိုက်ဖမ်းရန် မျက်နှာကျက်၏ လျှို့ဝှက်လမ်းထဲသို့ ပြေးသွားလေသည်။ သူတို့၏ တုံ့ပြန်မှုများမှာ Bai Yanqing မှ ခန့်မှန်းထားသည်ထက် မြန်လွန်းနေသည်။ သူတို့က လျှို့ဝှက်လမ်းကြောင်းကို ကြိုမသိထားလျှင်ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now