အခန်း(၁၀၂၃)

315 33 0
                                    

အခန်း(၁၀၂၃)

တုံးပေမယ့် ချစ်ဖို့ကောင်းတယ်။






Chu Tianyin ၏ထူးဆန်းသောသတင်းမှာ ထျန်းအန် နိုင်ငံမှ စစ်သူကြီးငယ် Mu Qingwu ပျောက်ဆုံးသွားသည့်အချက်မှလွဲ၍ အခြားမရှိပေ။Long Tianmo နှင့် စစ်သူကြီးမူ တို့မှာ ဆက်စပ်ပတ်သက်သူများအား နှုတ်ဆိတ်နေရန် အမိန့်ထုတ်နေစဉ်အတွင်း လက်အောက်ငယ်သားအချို့ကိုပင် သတင်းများမပြန့်ပွားစေရန် နှုတ်ပိတ် သတ်ပစ်ခဲ့သည်။ သို့တိုင် ကမ္ဘာပေါ်တွင် လေကာနိုင်သည့်နံရံများကဲ့သို့သော အရာများ မရှိပေ။ အထူးသဖြင့် နန်းမြို့တော်တွင်ပင်။ ထျန်းအန်၏ ဟွမ်ကွေ့ဖေး Duanmu Jin မှ တွေ့ရှိရန်  မကြာလိုက်ပေ။

Mu Qingwu မှာ မဟာစစ်သူကြီးမူ၏ တစ်ဦးတည်းသောသားဖြစ်သောကြောင့် မူမျိုးနွယ်၏ တစ်ဦးတည်းသော အမွေဆက်ခံသူလည်းဖြစ်သည်။ သူက တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် Duanmu Jin မှာ ဧကရာဇ် Kangcheng ထံ ပထမဆုံး အစီရင်ခံသူဖြစ်လိမ့်မည်။ မူမျိုးနွယ်တပ်များဖြင့် ပတ်သက်နေချိန်တွင် သူကိုယ်တိုင်ပင် အတော်လေး သဘောထားကွဲလွဲနေခဲ့သည်။ Long Tianmo မှာ သူတို့ကြောင့် စိုးရိမ်စိတ်များ အောက်တွင် ရှိနေကြောင်း သူက ပြောပြနိုင်သည်။ ထို့ကြောင့် သူ၏ မူလအစီအစဉ်မှာ စစ်သူကြီးမူ နှင့် မိတ်ဖွဲ့ရန်ဖြစ်ပြီး Mu Qingwu ထံသို့ သမီးဖြစ်သူ ပေးရန်ဖြစ်သည်။ သို့သော် မူမျိုးနွယ်တပ်များမှာ ချူမျိုးနွယ် တပ်များတွင်းမှ လက်ထောက်စစ်သူကြီးတစ်ဦးကို လျှို့ဝှက်ထိန်းချုပ်နိုင်သည့် အရည်အချင်းရှိကြောင်း တွေ့ရှိပြီးနောက်တွင် သူကလည်း ကြောက်ရွံ့ထိတ်လန့်မှုနှင့် ရင်ဆိုင်လာရသည်။

နောက်ဆုံးတွင်၊ ဧကရာဇ် Kangcheng မှာ ယခင်က ချူမျိုးနွယ်ထံတွင် လှည့်စားခံခဲ့ရပြီး ယခုအခါ သတိထားနေရပြီဖြစ်သည်။ အကယ်၍ သူက သမီးဖြစ်သူအား မူမျိုးနွယ် နှင့် လက်ထပ်စေပြီး ထျန်းအန် တွင် သူတို့၏ရပ်တည်မှုကို ခိုင်မာစေမည်ဆိုလျှင်၊ သူကလည်း သူတို့ထံမှ ထိန်းချုပ်ခံလိုက်ရနိုင်သည်။ထို့ကြောင့် Long Tianmo မှ သူနှင့် ထိမ်းမြား မဟာမိတ်အတွက် အဆိုပြုလာချိန်တွင် သူက  အလွန်ပျော်ရွှင်စွာ သဘောတူခဲ့သည်။ ထို့နောက် ထိုအမျိုးသားမှာ Duanmu  Jin အား စိတ်ရင်းကောင်း ပြသသည့်အနေဖြင့် ဟွမ်ကွေ့ဖေးအဖြစ် တက်ကြွစွာ ခန့်အပ်ခဲ့ပြီး ဧကရာဇ် Kangcheng ၏ ယခင် ယုံကြည်များအား တုန်လှုပ်စေခဲ့သည်။ ယခုအချိန်တွင် ဧကရာဇ် Kangcheng မှာ Long Tianmo နှင့် မူမျိုးနွယ်တို့၏ လုပ်ဆောင်မှုတိုင်းကို စိတ်ဝင်စားနေခဲ့သည်။  Mu Qingwu မှ ပျောက်သွားကြောင်း သတင်းရသည့်နှင့် သူ၏နေရာအား လျှို့ဝှက်ခြေရာခံရန် ချက်ချင်းအမိန့်ထုတ်ခဲ့သည်။ မည်သည့်ဘက်သို့ ယိမ်းမည် ဖြစ်စေ ထိုအမျိုးသားအား အရင်ရှာနိုင်လျှင် သူ၏ ဘေးမှာ တုံ့ပြန်ရန် တစ်ခု ထပ်တိုးလာလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now