အခန်း(၁၀၉၄)
အမျိုးသားများကြားမှ ကတိ။
Long Feiye မှ မလှုပ်မယှက်ထိုင်နေသည်ကို မြင်လိုက်ရလျှင် Han Yunxi ၏ မျက်လုံးများတွင် ရှုပ်ထွေးသောအမူအရာများ တဖျပ်ဖျပ် ခတ်သွား တော့သည်။ Long Feiye မှာ Ning Cheng ဖြင့် ကိုယ်ရေးကိုယ်တာရန်ငြိုးထားနေသောကြောင့် သူမ၏တာဝန်ကို ထမ်းဆောင်ခွင့်ပေးထားခဲ့ကြောင်း သူမ သိနေသည်။ သူက သူ့အတွက် ဘယ်လို စီစဉ်ထားမှန်း သူမ မသိထားသဖြင့် အနည်းငယ် စိတ်ရှုပ်သွားတော့သည်။ နောက်ဆုံးတော့ ဤကိစ္စမှာ သူတို့နှစ်ယောက်လုံး၏ အောက်ခြေစည်းဖြင့် သက်ဆိုင်နေသည်။
သာမာန်နေ့တွင် Long Feiye မှာ သူမ ခြေဖဝါး ပေါ်လျှင်တောင် သူ့ကို သတ်ပစ်လိမ့်မည်… သို့ဆိုလျှင်...
သူက Ning Cheng ၏ အခြားမျက်လုံးကို ဓားဖြင့် ထိုးဖောက်ပစ်မည်ကိုသာ သူမ စိုးရိမ်မိလေသည် ။ထိုအချိန်တွင်၊ Gu Beiyue မှာ မတ်တပ်လိုက်သည်။ “အရှင့်သား၊ မင်းသမီး၊ ဒီလက်အောက်ငယ်သားက လမ်းမှာ သုံးဖို့အတွက် ဆေးပစ္စည်းတွေ့ကို ပြင်ဆင်ရဦးပါမယ်။ ကျွန်တော်က အရင်ဆုံး သွားတော့မယ်။"
သူက Han Yunxi ထံ ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်လျှင် သူမက မှတ်ချက်ပေးရန် သတိဝင်လာတော့သည်။ "ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်။ ကျွန်မတို့က လင်းအာကိုလည်း ကူညီခိုင်းနိုင်တယ်။"
Gu Beiyue မှာ Han Yunxi ထွက်မလာမည်ကို စိုးရိမ်ကာ သူမအား အရင်သွားခိုင်းရန်ပင် လက်ဟန်ပြနေသည်။ Han Yunxi မှာ အခန်းများမှ ထွက်သွားပြီး Long Feiye နှင့် Ning Cheng တို့အတွက် ကိုယ်တိုင်ကိုယ်ကျ တံခါးပိတ် ပေးလိုက်သည်။
"မင်းသမီး၊ သွားရအောင်။" Gu Beiyue မှာ သူမကို တစ်နည်းတစ်ဖုံဖြင့် နားချခြင်းပင် မပြုပေ။
သို့ရာတွင် သူက စကားပြောလာသဖြင့် Han Yunxi မှာ သူမ၏ စိုးရိမ်မှုများကို ရပ်လိုက်နိုင်မှန်းသိနေသည်။ Long Feiye မှာ လူသတ်မှုလောက် ပြင်းထန်သော အရာကို မလုပ်သင့်ပေ။ သူမ နောက်ဖေးခြံဝန်းတွင် သူတို့အား အတူထားခဲ့လေသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှင် Ning Cheng ရဲ့လက်ကို သေချာစစ်ဆေးပြီးပြီလား။ တကယ်မျှော်လင့်ချက် မရှိတော့တာလား။ ကျွန်မတို့မှားတွေ့တာလား။" Han Yunxi မှာ အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ အစောမှ Ning Cheng ၏ လှုပ်ရှားမှုများကို ကြည့်ရသည်မှာ သဘာဝကျလှသည်။သူ၏ လက်မောင်းတွင် လက်တုပါရှိနေမှန်း သူမ မပြောနိုင်ပေ။ Han Yunxi မှာ ထိုညတွင် သူမနှင့် Gu Beiyue တို့မှ မှားယွင်းနေခဲ့ရန် မျှော်လင့်မိသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...