အခန်း(၁၁၅၄)

244 31 0
                                    

အခန်း(၁၁၅၄)

ထန်လီ… ကျွန်မ ပြန်လာပြီ။





Gu Qishao တစ်ယောက် ဘာမှားနေသည်လဲ။

သူက ဆာလောင်ကာ တက်ကြွမှု မရှိတော့ခြင်းပင်။အချိန်ကြာလာသည်နှင့်အမျှ ပြန်၍ သက်သာလာသည့် သူ၏ ပုံမှန်ပင်ပန်းနွမ်းနယ်မှုများဖြင့် မတူပေ။ သူက ထိုင်ခုံတွင် ပျင်းရိငြီးငွေ့စွာ မှီနေဟန် ထင်ရသော်လည်း အမှန်တကယ် စွမ်းအင်မရှိတော့ခြင်းပင်။သူက အရိပ်ရသော အမိုးတစ်နေရာအောက်တွင် အိပ်ချင်နေသည်။ 

Long Feiye ထံ ပြန်ကြည့်ရင်း လှပစွာ ပြုံးကာ ပြောလာလေသည်။ “ကျစ်.. ကျစ် လေးစားရတဲ့ အရှင့်သားအိမ်ရှေ့စံ၊ မင်းဘယ်အချိန်ကစလို့ တစ်ခြားသူတွေကို ဂရုစိုက်တတ်သွားတာလဲ။"

Long Feiye မှာ စူးစိုက်ကြည့်ကာ သူ၏ မေးခွန်းများကို လွှတ်ချသည်။ သူက ပြာလဲ့နေသောကောင်းကင်ကြီးကို စိုက်ကြည့်ရင်း သူ၏ ထိုင်ခုံကို မှီလိုက်သည်။ ဆောင်းဦးရာသီ ကောင်းကင်မှာ တိမ်ကင်းစင်ပြီး အမြဲတစေ အဝေးတွင် ရှိနေဟန် ထင်ရသည်။

Gu Qishao မှာလည်း မော့ကြည့်ရင်း လှပသော အပြုံးတစ်ခုမှာ သူ၏ နှုတ်ခမ်းများပေါ်တွင် ပေါ်လာသည်။ ရုတ်​တရက်​ပင်​ သူက​ ​သီချင်း​လေးတစ်​ပုဒ်​ကို ညည်းလိုက်သည်​။

“တောင်သီချင်းဆို၊ ဟိုမှာသီချင်းတွေဆို၊ သည်မှာ တွေလာမယ်… တောင်သီချင်းက စမ်းမြစ်ရေနှင့်တူတယ် ကမ်းခြေတွေမကြောက်ပဲ အကွေ့အကောက်မှုတွေ ပြည့်နှက်နေတယ်…”

လူတိုင်းမှာ Gu Qishao ဆီသို့ လှမ်းကြည့်နေကြသော်လည်း ၎င်းမှာ သူ့ကို ယခင်ကထက် ပိုမိုကျယ်လောင်ပြီး ရွှင်မြူးစွာ သီဆိုလာစေသည်။ ခရီးစဉ်တစ်ခုလုံးမှာ သူ၏ အသံက သူတို့အား အဖော်ပြုကာ ပို၍ အသက်ဝင်နေတော့သည်။

Ning Jing မှာ စကားများစွာ မပြောသည်ကို Han Yunxi မှ သတိထားမိနေသည်။ Su Xiaoyu မှ အမျိုးသမီး၏ ရှေ့သွားနှစ်ချောင်း ဆုံးရှုံးသွားပုံကို ပြောပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မပြောခဲ့ပေ။ Bai Yanqing ကို အပြစ်တင်ရမည်မှန်း လူတိုင်းသိနိုင်သည်။ အကယ်၍ Han Chen မှ သူ့ကို ခေါ်ထားခဲ့ခြင်း မရှိလျှင် Han  Yunxi မှာ သူ့အပေါ် ဒေါသတွေ ပေါက်ကွဲလိုက်ပြီး  ဖြစ်နိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now