အခန်း(၁၁၂၄)

255 26 2
                                    

အခန်း(၁၁၂၄)

မတွေ့တာကြာပြီ။ လူငယ်လေးတွေ။







ထောင်ချောက်ပဲ။

ဓားစာခံများ၏ အသံများမှာ လမ်းကြောင်းနှစ်ခုမှ မရပ်တန့်ပဲ ထွက်ပေါ်လာသည်။ ဤသည်မှာ Bai Yanqing မှ သူ၏သားကောင်များကို ရိုက်နှက်နေခြင်းထက် သူတို့ကို မျှားထုတ်ရန် သူ၏ကြိုးစားမှုနှင့် ပို၍ ဆင်တူသည်။ မဟုတ်လျှင် ဝင်္ကပါအစွန်း တစ်ဖက်တစ်ချက်တွင် ဓားစာခံတွေကို ဘာကြောင့် အကျဥ်းချထားမည်လဲ။ ဘာကြောင့် သူတို့ကို တစ်ချိန်တည်းတွင် ရိုက်နှက်နေမည်လဲ။ အော်ဟစ်သံများ ပြတ်တောက်သွားလျှင် Long Feiye မှာ ၎င်းကို များစွာစဉ်းစားမိမည်မဟုတ်သော်လည်း ဤအဆက်မပြတ် ထွက်ပေါ်လာနေခြင်းမှာ သူ့ကို သံသယဖြစ်စေလေသည်။

Gu Qishao မှာ သူ၏ စကားတွင် ရပ်တန့်ကာ ကိစ္စများမှာ မူမမှန်ကြောင်း ခံစားလိုက်ရသည်။ "Long Feiye၊ ဒါက မြွေကို တွင်းထဲက ဆွဲထုတ်ဖို့ အစီအစဥ် မဟုတ်လား။"

"ဒါပေမယ့် သူက ဘယ်သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားနေတာလဲ။" Long Feiye မှာ အေးစက်စွာ မေးသည်။

Gu Qishao မှာ နံရံတွင် ကျောကိုမှီကာ လက်နှစ်ဖက်ကို ပိုက်၍ Long Feiye ထံ မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။ ကြည့်ရတာ ဒီကောင်က တစ်ခုခုကို မှန်းဆမိပုံရတယ်။

သို့တိုင် သူက မေးလိုက်ဆဲပင်။ “ဘယ်သူထင်လဲ။”

Long Feiye မှာ ရုတ်တရက် ဤအဖော်ကို Tang Li ထံ ပစ်ပေးကာ Gu Beiyue ဖြင့် လဲလှယ်ချင်နေတော့သည်။ ပြန်ဖြေမည့်အစား သူက ပြန်ပြောလိုက်သည်။ "Ning Jing ဘက်ကို မြန်မြန်။"

အကယ်၍ Bai Yanqing မှာ တွင်းထဲမှ မြွေကို မြှူချင်နေလျှင် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိနေသည်- ၁) သူတို့က ဤနေရာတွင် ရှိနေမှန်း သိနေသော်လည်း ဝင်္ကပါမှာ အလွန် ကြီးမားသောကြောင့် သူတို့ကို မတွေ့နိုင်ပေ။ ၂) သူ၏ အကြီးမားဆုံးမျှော်လင့်ချက်.. Han Yunxi မှာ လွတ်မြောက်နေပြီး Bai Yanqing မှာ သူ့မအား ခြိမ်းခြောက်ရန် ကျန်နေသည့် ဓားစာခံများကို အသုံးပြုရန် ဖိအားပေးခံလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ငါးစာဖြစ်နေ၍ သူတို့၏ အကောင်းဆုံးရွေးချယ်မှုမှာ အော်သံများကို လျစ်လျူရှုရန်ပင်။ Bai Yanqing မှာ ရည်မှန်းချက်များ မအောင်မြင်သရွေ့ ဓားစာခံများကို သတ်မည်မဟုတ်ပေ။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now