အခန်း(၁၁၀၈)

231 23 2
                                    

အခန်း(၁၁၀၈)

သူ၊ တိတ်ဆိတ်ငြိမ်သက်သော။









Long Feiye ၏ စကားများ ကြားလျှင်တော့ Mu Liuyue မှာ အလွန်ကြောက်လန့်သွားပြီး ဆံပင်အားလုံး ထောင်လာတော့သည်။ သူမ  တွားသွားကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မကြာခင်တွင် အရိပ်အစောင့်များထံမှ  တားဆီးခြင်း ခံလိုက်ရသည်။မလွတ်မြောက်တော့လျှင် သူမက Mu Yuanbo ဘက်သို့ လှမ်းကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အဖေ၊ အဖေက ကျွန်မကို ဒီလိုမျိုး ဆက်ဆံလို့မရဘူး။ အစ်ကိုကြီးကြောင့် ကျွန်မကို စွန့်ပစ်လို့မရဘူး။ အဖေ၊  ကျွန်မ  အဖေ့ကို မုန်းတယ်။"

Mu Yuanbo  မှာ အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်သွားသော်လည်း မြေပြင်တွင် မြဲမံစွာ ရှိနေဆဲပင်။ သူက ခိုင်မြဲစွာ ရပ်တည်နေသမျှ ကာလပတ်လုံး Long Feiye မှာ Mu Liuyue ကို မည်သည့်ကိစ္စမှ လုပ်ဆောင်ရန် အမှန်တကယ် ကြိုးစားမည်မဟုတ်ကြောင်း သိနေသည်။ သူက ကိစ္စများကို ဖြည်းညင်းစွာ အချိန်ဆွဲထားနိုင်သော်လည်း Long Feiye တွင် ဖြုန်းတီးရန် အချိန် မရှိပေ။ သူက အနိုင်ရရန် အခွင့်အလမ်းများရှိနေဆဲဖြစ်၍ သူ၏ နောက်ဆုံးကြိုးစားမှုကို မစွန့်လွှတ်ချင်ပေ။ သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ Qingwu နှင့် Liuyue ပါ၀င်သည့် သူ၏ သားနှင့်သမီးကို သက်ညှာပေးရန်ပင်။

အမှန်ပင် သူက ဤဘဝတွင် အမှားများစွာလုပ်ခဲ့ပြီး လီမျိုးနွယ် တစ်ခုလုံးကို စိတ်ပျက်စေခဲ့သည်။ သူက လုပ်သမျှမှာ ထိုကလေးနှစ်ယောက်ကို ကာကွယ်နိုင်ရန်ပင်။ သို့တိုင် သူက အများဆုံး အလိုလိုက် ချစ်ခင်ခဲ့သော သမီးမှာ ယခု သူ့ကို ကဲ့ရဲ့ ရှုတ်ချနေသည်လော။

"Liuyue၊ မင်းရဲ့အစ်ကိုကြီးကို ငါ လက်မလျောခဲ့ဘူး။ မင်းကို စွန့်ပစ်မှာ ဆိုတာ ပိုမဖြစ်နိုင်ဘူး။" Mu Yuanbo မှာ ရှင်းပြလိုက်သည်။ အကယ်၍ ဖြစ်နိုင်လျှင် သူက Long Feiye ထံ ပြန်ပြေးထွက်သွားကာ ပါးရိုက်ခံရခြင်း နှစ်ဖက်ကို ပြန်ပေးချင်သည်။

“ဒါဆို အစ်ကိုကြီးကို မလိုချင်တော့ဘူး .. ပြီးတော့ ကျွန်မ လွှတ်ပေးဖို့ သူတို့ကိုပြောလိုက်။ ကျွန်မကို လွှတ်ပေးသရွေ့ အဖေက Bai Yanqing ရဲ့ နေရာကို ပြောပြလိမ့်မယ်။" Mu Liuyue မှာ အသည်းအသန်ပြောလိုက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now