အခန်း(၁၁၄၅)

294 25 0
                                    

အခန်း(၁၁၄၅)

အဲတာက ခင်များရဲ့ အသုံးမဝင်မှုကို ပြတာပဲ။





အကယ်၍ Bai Yanqing မှာ ခင်းကျင်းဖွဲ့စည်းပုံ ပတ်လည်တွင်  ခေါင်းမဲ့ကြက်တစ်ကောင်ကဲ့သို့ ပြေးလွှားနေခဲ့သည်ဆိုလျှင် ယခုတွင် Long Feiye နှင့် Han Yunxi တို့ထံမှ လိုက်လံဖမ်းဆီး ခံရနေသည့် အိမ်ခြေယာမဲ့တစ်ယောက်နှင့် ဆင်တူသည်။သူက လွန်​ခဲ့​သော အခိုက်​အတန့်တွင် အလွန်​ ထောင်လွှားနေခဲ့သည်​။ ယခုတော့ သနားစရာကောင်းလှသည်။

သူ၏ ခန္ဓာကိုယ်တွင် ဓားဖြင့်ခြစ်မိသွားလျှင် ချောက်ကမ်းပါးခြေရင်း၌ သူက တောင့်ခံခဲ့သည်ထက် ကျော်လွန်သော နာကျင်မှုကို ခံစားရသည်။ နောက်ဆုံးတော့ သူက ထပ်မံ တောင့်မခံနိုင်တော့ပဲ အော်ဟစ်လိုက်လေသည်။ "Long Feiye၊ Han Yunxi၊ ဒီအဘိုးကြီး ရှုံးသွားပြီ။"

သူ့ဘာသာ သနားဖို့ တောင်းပန်နေတာလား။

Long Feiye နှင့် Han Yunxi တို့မှာ သူ့ကို လျစ်လျူရှုပြီး ဆက်သွားလိုက်ကြသည်။

"ဒီအဘိုးကြီးက မင်းကို တောင်းပန်နေတာ။ ဒီအဘိုးကြီးက ရှုံးသွားပြီ။" တောင်းပန်းရန် ဖိအားပေးခံလိုက်ရသော်လည်း Bai Yanqing ၏ အသနားခံမှုများမှာ မကြားဟန် ပြုခံလိုက်ရသည်။ တုံးတိဖြစ်နေခဲ့သောဓားသည် ချွန်မြလုနီးပါးဖြစ်လာကာ အောက်ဘက်ရှိ ချွန်ထက်သောအစွန်းပင် ပေါ်လွင်လာသည်။ သူတို့၏ နားအတွက် Bai Yanqing ၏ တောင်းပန်မှုမှာ အလွန်စျေးပေါလှသည်။ ၎င်းမှာ Ning Jing ၏ ဘဝ၊ Tang Li ၏ မျက်ရည်များ၊ ယုအာလေး၏ ဆင်းရဲဒုက္ခ၊ Han Yunxi ၏ သားအိမ်မှ အန္တရာယ်၊ သို့မဟုတ် သူက ပြုလုပ်ခဲ့သည့် အခြားသော ဒုက္ခအားလုံးကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မည်လဲ။

အကယ်၍ တောင်းပန်ခြင်းမှာ အရာရာကို ပြုပြင်နိုင်လျှင် ဤကမ္ဘာပေါ်တွင် နောက်ထပ် လူဘယ်နှစ်ယောက်မျှ မကောင်းမှုပြု နေကြမည်လဲ။ အကယ်၍ Bai Yanqing မှ ဘာမှ မပြောလျှင် ပိုကောင်းလိမ့်မည်။ ယခုတွင် Han  Yunxi ၏ အမုန်းတရားများ ပြင်းထန်လာတော့သည်။ သူမ သူ့ကို ပိုင်းဖြတ်နေခြင်း မရပ်တန့်ပဲ ယခင်ကထက်တောင် ပိုမြန်ဆန်လာလေသည်။

Bai Yanqing မှာ ပြေးရန်ပင် ခွန်အားမရှိတော့ပေ။ယခုအချိန်တွင်တော့ သူက တစ်ချက်တည်းဖြင့် သေနိုင်ရန် ဆုတောင်းမိသည်။ မသေနိုင်သော ဤခန္ဓာကိုယ်မှာ သူ၏ကိုယ်ပိုင်ငရဲသို့ ပြောင်းလဲသွားခဲ့သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now