အခန်း(၁၀၀၉)

251 29 16
                                    

အခန်း(၁၀၀၉)

အဲဒီလို ခံစားချက်မျိုးလား။






ညဉ့်နက်ချိန် လခြမ်းကွေးအောက်တွင် မန်နေဂျာ Jin နှင့် Mu Linger တို့၏ အနေအထားမှာ စိတ်ကူးစိတ်သန်း အနည်းငယ် ဖြစ်စေနိုင်သည်။သို့ရာတွင် သူတို့နှစ်ယောက်လုံး ဒီအကြောင်း ထူးထူးခြားခြား သတိမထားမိကြပေ။ Mu Linger ၏ဗိုက်ပေါ်ရှိ မန်နေဂျာ Jin ၏လက်မှာ သူမတွင် ကိုယ်ဝန်လုံးဝမရှိကြောင်း အတည်ပြုခဲ့သည်။ ထိုအချိန်တွင် Mu Linger မှာ နောက်ဘာဆက်လုပ်ရမည်ကို စဉ်းစားရင်း အလွန်ထိတ်လန့်နေတော့သည်။ ဘုရားရေ သူမကို ရှာဖွေခံလိုက်ရပြီ…  အခု ဘာလဲ။

"မင်း ကိုယ်ဝန်က အတုအယောင်ပဲ။" မန်နေဂျာ Jin မှာ Mu Linger ထံ စူးစူးရဲရဲ ကြည့်နေသည်။

ယခုအချိန်တွင်တော့ Mu Linger မှာ ရုန်းကန်နေခြင်း ရပ်တန့်လိုက်သည်။ သူမက လှည့်ထွက်သွားပြီး ငိုချင်လာသည်။ ဒုက္ခအကြီးအကျယ်ရောက်နေပြီမှန်းသာ သူမ သိနေသည်။ Ning Jing မှာ သူမအား ယခင်က ပြောခဲ့ဖူးသည်။ ဦးလေးချန်မှာ ဒီမျိုးနွယ် ၏ အနောက်ချင်အပေါ် သစ္စာစောင့်သိမှုကို မကျေမနပ်ဖြစ်ပြီး မန်နေဂျာ Jin မှာ သူ၏လွတ်လပ်ခွင့်အား အလွန်အမင်းလိုချင်နေသည်။ နှစ်ယောက်လုံးမှာ ယုံကြည်စိတ်ချရမှုမရှိသည့်အတွက် သူမ၏ ကိုယ်ဝန်လျှို့ဝှက်ချက်အား  အဆုံးထိ ထိန်းသိမ်းထားရမည်။

Mu Linger မှ ပြန်မဖြေသည်အား မြင်လျှင် မန်နေဂျာ Jin မှာ ဟိန်းဟောက်လိုက်သည်။ "တစ်ခုခုပြောလေ..”

သူ၏ အသံတွင် ဒေါသနှင့် စိုးရိမ်မှုတို့ ရောနှောနေလေသည်။ Mu Linger မှာ စိုးရိမ်မှုအား မကြားနိုင်ပဲ စိတ်တိုနေသည်ဟုသာ ထင်ခဲ့သည်။ သူမက သုံးလမ်းသွားမှောင်ခိုဈေး မှ ကောင်းကင်မြစ်မြို့တော် သို့သွားသော ခရီးအား ပြန်စဥ်းစားမိလျှင် သူ့အား ပထမ နေ့ကတည်းက လိမ်ခဲ့မှန်း သတိပြုမိလိုက်သည်။ ထိုအမျိုးသားမှာ ဒေါသကြီးသော်လည်း သူမ၏ တောင်းဆိုချက်အားလုံး ဖြည့်ဆည်းပေးဆဲပင်။ သူမ စားချင်တာဖြစ်စေ သောက်ချင်တာဖြစ်စေ၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဖြည့်စွမ်းပေးခဲ့သည်။ ယခု သူမ ကိုယ်ဝန်မှာ အတု ဖြစ်ကြောင်း သိလိုက်ရလျှင် လမ်းတွင် သူမ၏ တောင်းဆိုချက်များအားလုံးမှာ အခြေအမြစ်မရှိကြောင်း သူက သတိပြုလိမ့်မည်။Mu Linger ပင်လျှင် ဤကိစ္စများမှာ အခြားသူတစ်ဦးအား သာမာန် လှည့်စားခြင်းထက် ကျော်လွန်ကာ ကစားနေဖြစ်ကြောင်း ဝန်ခံနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now