အခန်း(၁၀၄၃)
လုံဖေးယဲ့ရဲ့ ရွေးချယ်မှုက မမှားဘူး။
လူတိုင်း ပုံမှန်စကားပြောနေကြစဥ် အဒေါ်ရူမှာ ရယ်မောကာ Han Yunxi အား ထပ်မံ ချီးကျူးပြီး ရိုက်နှက်လာပြန်သည်။
သူမက ပြောလာပြန်သည်။ “မင်းသမီး၊ မင်းသမီးက ဆေးမီးဖိုသခင်ကို ဒီနေရာအထိ ဖိတ်ဖို့ အရည်အချင်းရှိမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ မင်းသမီးက နောက်ဆုံးတော့ မင်းသမီးပါပဲလေ။မင်းသမီးက သေချာပေါက် မျက်နှာကြီးတယ်။ ငါ အဒေါ်ရူက မင်းသမီးကို လေးစားပါတယ်။"
"ငါမြင်တဲ့အတိုင်းဆိုရင် ဆေးမီးဖိုသခင်က မင်းသမီးကလွဲပြီး တခြားဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူး မင်းသမီး။" ပြောရင်းဆိုရင်း သူမက လက်မထောင်ပြလိုက်သည်။ "အထင်ကြီးစရာပဲ… အထင်ကြီးစရာပဲ။"
Han Yunxi တို့အဖွဲ့နှင့် ဆေးမီးဖိုသခင် ကြားရှိ ဆက်ဆံရေးကို သူမ ဘယ်လို သိနိုင်မည်လဲ။ သို့မဟုတ် ဆေးတောင်းဆိုမှု ဂူထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဘယ်လို သိနိုင်မည်လဲ။ ပိုမြင့်လေ အကျနာလေ ဖြစ်ကြောင်းသာ သူမ သိနေသည်။ ဆေးမီးဖိုသခင်မှာ ယခင်က ဆေးမြို့တော်၏ ဆေးပညာသင်တန်းကျောင်း ကျောင်းအုပ်ထံမှ ဖိတ်ကြားချက်များကိုပင် လျစ်လျူရှုခဲ့ကြောင်း အဒေါ်ရူမှ သတိရမိသည်။ Han Yunxi မှာ ဆေးတောင်းဆိုမှုဂူထဲတွင် ဆေးတောင်းဆိုနိုင်သော်လည်း ဆေးမီးဖိုသခင် နှင့် အလွန်နီးကပ်မနေသင့်ပေ။ သူ၏ အကျင့်များအား သူမက ဘယ်လိုချိုးဖျက်နိုင်မှာလဲ။
ပြောရင်းဆိုရင်း အဒေါ်ရူမှာ ပြုံး၍ Han Yunxi ထံ ကြည့်နေကာ ကောင်မစုတ်လေးမှ ကျိုးနွံစွာ မှတ်ချက်ပေးကာ အနေခက်သည့် အခြေအနေမှ ကိုယ့်ကိုကိုယ် ရှင်းပြရန် စောင့်နေသည်။ Han Yunxi ကို ကိုယ်တိုင်ကိုယ်ကျ ဘာမှမလုပ်နိုင်သည့်တိုင် သူမ၏ မာနကို ချိုးနှိမ်ရန် ဤအခွင့်အရေးကို သူမ ဆုံးရှုံးခံမည် မဟုတ်ပေ။
ထိုစဥ် အမှန်တရား သိထားသူများမှ တစ်ခွန်းတစ်လေမှ မပြောချေ။ Han Yunxi မှာ သူမထံ ပြန်၍ စိုက်ကြည့်ရင်း အေးစက်သောအပြုံးကို နှလုံးသားထဲတွင် သိမ်းဆည်းထားသည်။ ကြည့်ရတာ ဒီနေ့ ငါက အဒေါ်ရူကို သေသေချာချာ ချေမှုန်းရတော့မယ်… ဒါမှ အနာဂတ်မှာ သူမ ငါ့ကို စိတ်အနှောင့်အယှက် မပေးနိုင်မှာ…
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...