အခန်း(၁၀၇၈)

267 28 5
                                    

အခန်း(၁၀၇၈)

တကယ်လို့… ၊ တကယ်လို့ များသာ ရှိခဲ့ရင်။






ပြောရင်းဆိုရင်း Baii Yanqing မှာ အင်္ကျီလက်များအား ခါယမ်းကာ လမ်းလျှောက်သွားစဥ် Su Xiaoyu ၏ တင်းမာသောအမူအရာမှာ ပြေလျော့သွားတော့သည်။ မြောက်ဘက်သို့  စစ်ရေးခရီး၏ အသေးစိတ်အချက်အလက်များကို သူမ မသိခဲ့ပဲ မန်နေဂျာ Jin အားလည်း သူတို့၏မဟာမိတ်အဖြစ် အမှန်တကယ် ယူဆခြင်းမရှိပေ။ သူမ၏စိတ်ထဲတွင် Mu Linger မှာ လွတ်မြောက်နေပြီဖြစ်သောကြောင့် စစ်ကူများကို သေချာပေါက် ပြန်၍ ခေါ်ဆောင်လာလိမ့်မည်။ သူမနှင့် Ning Jing တို့မှာ အချည်းနှီးမခံစားရစေရန် အချိန်မီရောက်လာရန်သာ ဆုတောင်းနေမိသည်။

ယနေ့တွင် Su Xiaoyu မှာ Ning Jing အား ဆေး သုံးကြိမ် တိုက်ကျွေးခဲ့သည်။ ညဘက်တွင် သူမက နောက်ဆုံးတွင် သတိပြန်လည်လာသည်။ Su Xiaoyu ကို မြင်တွေ့ချင်း သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ပြုံးလိုက်ခြင်း ဖြစ်သော်လည်း သူမ၏ရှေ့သွားနှစ်ချောင်းမှာ ပျောက်ကွယ်သွားနေသောကြောင့် ယခင်ကကဲ့သို့ မလှနိုင်တော့ပေ။ ပျောက်ဆုံးနေသော ရှေ့သွားများကို သတိထားမိကာ ကွက်လပ်ကို ထိ၍ ကိုယ့်ကိုကိုယ် ထေ့ငေါ့လိုက်သည်။ “ငါက ကလေးနဲ့ သွားတွေ ဆုံးရှုံးသွားတာ။ နောက်တော့ ကလေးရဲ့အဖေက ငါ့ကို အသိအမှတ်ပြုဖို့ ငြင်းဦးမှာလား။"

"ရှင့်ရဲ့အသက်ကို ထိန်းသိမ်းထားနိုင်တာတောင် ကံကောင်းမှု တစ်သောင်းကျော်နေပြီ။" Su Xiaoyu မှာ အမြဲတစေ လက်တွေ့ဆန်သူပင်။

Ning Jing မှာ ပြုံးလိုက်သည်။ ထိုစကားများ ကြားရသည်ကို သဘောကျမိသည်။ သူမ ထထိုင်ရန် ပြင်လိုက်လျှင် Su Xiaoyu မှာ အလျင်အမြန် အကူအညီပေးကာ အသံကို လျှော့လိုက်သည်။ "ရှင် စကားပြောရင်ကြည့်ပြော၊ နံရံတိုင်းမှာနားရှိနေတာကို သတိထားဦး။"

“ကျွန်မ သိထားတာ သခင်မလေးကျင်း..” Su Xiaoyu မှာ ပို၍ ပျော့ပျောင်းတဲ့လေသံဖြင့် ဆက်လိုက်သည်။ “ကျွန်မတို့ တစ်လခွဲပဲကျန်တော့တာမလား။ ကျွန်မသခင်မလေး ရောက်လာရင် ကျွန်မတို့အသက်ရှင်မယ်။ မဟုတ်ရင် ကျွန်မတို့… အဲ့တာကပြောဖို့ခက်တယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now