အခန်း(၁၁၅၀)
ငါ့ရဲ့ သမက်။ Han Chen။
Han Yunxi နှင့် Gu Beiyue တို့မှာ မျက်တောင်မခတ်ပဲ စောင့်ကြည့်နေကြသည်။ Long Feiye မှာ လက်သီးထိုးရာတွင် အလွန်ကောင်းမွန်မည်ဟု မထင်ခဲ့ကြပေ။ Gu Qishao နှင့် Bai Yanqing တို့မှာ မြင်ကွင်းတွင် မေးရိုးများ ပြုတ်ကျနေပြီဖြစ်သည်။
"Long Feiye၊ မင်းက မင်းရဲ့ပြိုင်ဘက် တွေ့သွားပုံရတယ်။" Gu Qishao မှာ ရေရွတ်လိုက်သည်။
Bai Yanqing မှာ သံသယများ အပြည့်ပင်။ Mu Xin ကို သူ၏ လက်မှ ကယ်ထုတ်သွားသည့်လူကို နောက်ဆုံးတွင် သတိရသွားတော့သည်။ အဆိပ်ဂိုဏ်း၏ မိဘမဲ့ဖြစ်သော ထိုလူကို သူက သတ်ပစ်ခဲ့သည်မှာ သေချာသည်။ သူက ထိုသူများနှင့် တစ်စုံတစ်ရာ ပတ်သက်နေနိုင်မည်လား။
မကြာခင်တွင် Long Feiye နှင့် ၀တ်ရုံဖြူဝတ်လူတို့၏ လှုပ်ရှားမှုများမှာ မှုန်ဝါးလာသည်။ သူတို့က လေထဲ၌ ခြေနှစ်ချောင်း၊ လက်သီးများဖြင့် တိုက်ခိုက်ကြပြီး၊ သူတို့၏ ရုပ်ပုံများမှာ လေ သို့မဟုတ် အရိပ်များကဲ့သို့ ကောင်းကင်တွင် ပြေးလွှားနေကြသည်။
“မင်းသမီး၊ တကယ်လို့ လက်ရည်ချင်းယှဉ်ရင်၊ အရှင့်သားနဲ့ ဒီလူက လက်ရည်တူပဲ။ အရှင့်သားက ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရမှာမဟုတ်ဘူး။” Gu Beiyue မှ ရေရွတ်လိုက်သည်။
“ဆိုရင်တောင် သူတို့က ဒါကို ဆက်အချိန်မဆွဲနိုင်တော့ဘူး။” Han Yunxi မှာ စိတ်မအေးနိုင် ဖြစ်လာသည်။ ဝတ်ရုံဖြူဝတ်လူမှာ ဘယ်သူလဲ၊ သူ၏ ဇစ်မြစ်မှာ ဘာလဲ သူမ မသိနိုင်သောကြောင့် သူမကို စိတ်ပူနေစေသည်။ အကယ်၍ ထိုသူမှာ မပျော်ပဲ Long Feiye ကို အဆိပ်သုံးရန် ဆုံးဖြတ်ခဲ့လျှင် အကျိုးသက်ရောက်ရန် မိနစ်အနည်းငယ်သာ ကြာလိမ့်မည်။သူမက Long Feiye ကို မည်သည့်အန္တရာယ်နှင့်မျှ မတွေ့မြင်လိုပေ။
သူမ ကြည့်နေရင်း သူမ၏ ဦးနှောက်ပျက်မတတ် အဖြေများကို ရှာဖွေနေပြီး သူတို့ကို ရပ်တန့်ရန် နည်းလမ်းတွေ့ရန် မျှော်လင့်နေသည်။ ထိုသူမှာ မိတ်ဆွေလား ရန်သူလား သူမ သိချင်သည်။ သို့ရာတွင် သူမ၏ ဦးနှောက်ပျက်မတတ် စဥ်းစားပြီးနောက် ဘာမှ မတွေးနိုင်သေးပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...