အခန်း(၁၀၃၁)

260 31 0
                                    

အခန်း(၁၀၃၁)

နောက်ထပ် လေးစားမှုအဆင့်အသစ်။







Long Feiye မှာ ရမက်ဝါးမြိုခြင်း စွမ်းအင်အား စေ့စေ့စပ်စပ် သိထားသော်လည်း ဖြစ်ပျက်ခဲ့သည်ကို နားမလည်သေးပေ။ အဆုံးတွင်၊ Han Yunxi ၏ ဇာမဏီစွမ်းအင်အပေါ်တွင်သာ အကြောင်းပြချက် ထားနိုင်ခဲ့သည်။ ၎င်းမှာ နှစ်ယောက်လုံး နားမလည်နိုင်သော မမျှော်လင့်ထားသည့် တွေ့ရှိမှုတစ်ခုပင်။ စုံတွဲကျင့်ကြံမှု စတင်ပြီးနောက်မှ ၎င်းမှာ ထွက်ပေါ်လာခဲ့သော်လည်း သူတို့အား သက်ရောက်စေဆဲပင်။

"ဇာမဏီစွမ်းအင်က ဘာကြောင့်ဖြစ်နိုင်လဲ။" Han Yunxi မှာလည်း အလားတူ တွေးနေသည်။

ရမက်ဝါးမြိုခြင်းစွမ်းအင်နှင့် နိဗ္ဗာနနှလုံးသား ကျင့်စဥ်များတွင် ပြသနာမရှိသောကြောင့် သံသယမှာ နောက်ဆုံးအစွန်းသို့ ရောက်သွားသည်။ တစ်ချိန်က ဆေးတောင်းဆိုမှု လှိုဏ်ဂူတွင် ဤစွမ်းအင်အား ရှာဖွေတွေ့ရှိသည့်အတွက် ဝမ်းမြောက်ခဲ့ကြသော်လည်း ယခု ယင်းမှာ ကောင်းချီး သို့မဟုတ် ကျိန်စာဟုတ်မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရတော့ပေ။ Gu Beiyue နှင့် Gu Qishao တို့မှာ Long Feiye ၏သံသယများကို မျှဝေခဲ့ကြသည်။ သူတို့က ဇာမဏီ စွမ်းအင်အကြောင်း အနည်းငယ်မှ မသိခဲ့သလို ဆေးမီးဖိုသခင်မှလည်း  သိသမျှ  မျှဝေပေးပြီး ဖြစ်သည်။ ယခုသူတို့၏ အကြံဉာဏ်မှာ ဓားဂိုဏ်းသခင်ထံတွင်သာ မေးရန်ပင်။အကယ်၍ ဤကိစ္စမှာ အတိတ်ဖြစ်ခဲ့လျှင် Long Feiye မှာ ဆရာဖြစ်သူအား မေးမြန်းကာ အချက်အလက်များ တူးဖော်ရန် လက်အောက်ငယ်သားများအား စေလွှတ်လိမ့်မည်။ သို့တိုင် ယခုချိန်တွင်တော့ ပေါ့ပေါ့ဆဆ မလှုပ်ရှားဝံ့ပေ။

သူနှင့် Han  Yunxi  တို့၏ စုံတွဲကျင့်ကြံမှုအား လူများစွာ မသိထားကြပေ။ အကယ်၍ တစ်စုံတစ်ဦးမှ စုံစမ်းမေးမြန်းပြီး အချက်အလက်ပေါက်ကြားလျှင် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်သည်။

"ကျင့်ကြံမှု သွေဖယ် မသွားတာပဲ ကံကောင်းနေပြီ။"" Gu Qishao မှာ Han Yunxi ထံ ဖျော့တော့စွာ ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“ကျွန်တော်တို့ ကြာနေလို့ မဖြစ်ဘူး။ အရှင့်သား၊ ဒါကို ဆရာကြီး Jianxin ဆီ ပြောပြတာ အကောင်းဆုံးပါပဲ။"  Gu Beiyue မှ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now