အခန်း(၁၀၂၅)
မင်း လိုက်မှာလား မလိုက်ဘူး။
မတော်တဆဖြစ်ခဲ့ပြီးနောက် မန်နေဂျာ Jin နှင့် Mu Linger မှာ ထပ်မံ မဆုံဖြစ်ခဲ့ပေ။ Mu Linger မှာ သူ့အား ရည်ရွယ်ချက်ရှိရှိ ရှောင်နေခဲ့သော်လည်း သူက သူမ၏ ခြံဝန်းထဲသို့ ၀င်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူ ဒီမှာ ဘာလုပ်နေတာလဲ…
Mu Linger ၏မေးခွန်းဖြင့် ရင်ဆိုင်ရလျှင် မန်နေဂျာ Jin မှာ သူမအား အေးစက်စွာ စစ်ဆေးကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။ နှစ်ယောက်မှာ အလွန်နီးကပ်စွာ ရပ်နေကြသောကြောင့် Mu Linger မှာ သူ၏ တောက်လောင်နေသော မျက်လုံးအစုံကြောင့် ထိတ်လန့်လာမိသည်။ သူမက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသော်လည်း မကြာမီတွင် စိုက်ကြည့်ခံနေခြင်းမှ အမှားတစ်ခု လုပ်ထားမိ၍ အပြစ်ရှိသကဲ့သို့ ခံစားလာရသည်။ သူမ မထိန်းနိုင်ပဲ ချီကိုကိုအား သတိရမိသည် ။ သူ့တွင်လည်း ခက်ထန်သော အခိုက်အတန့်များရှိခဲ့ကာ ရက်စက်ကြမ်းကြုတ်မှုများပင် ရှိခဲ့သော်လည်း သူမ သူ့ကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးပေ။ သူမက သူ့ကို တွယ်ကပ် နှောင့်ယှက်နေဆဲဖြစ်ပြီး သူက သူမအား နှင်ထုတ်ရန် မဖြစ်နိုင်ပေ။
ဒါဆို မန်နေဂျာ Jin ကို ဘာလို့ ကြောက်နေတာလဲ။အဲဒီမှာ ဘာကိုကြောက်စရာရှိလို့လဲ။ သူမ၊ Mu Linger မှာ ပွင့်လင်းသူပင်။ သူမ၏ မကောင်းသော အကြံအစည်များပင် ပွင့်လင်းမြင်သာစွာ ကျူးလွန်ခဲ့ပြီး အပြုအမူအားလုံးလည်း ဝန်ခံခဲ့သည်။ သူမ မကောင်းတာလည်း လုပ်ထားတာ မဟုတ်ဘူး!
ထိုအတွေးမှာ သူမ၏ ခွန်အားကို အားကောင်းစေကာ ဒေါသအကြည့်ဖြင့် သူ၏ အကြည့်အား ပြန်ကြည့်လိုက်သည်။ သို့တိုင် မန်နေဂျာ Jin မှာ ၎င်းကို လျစ်လျူရှုထားကာ ဆက်လက် စိုက်ကြည့်နေသည်။Mu Linger မှာ သူ့အပေါ် စကားများ ဖြုန်းတီးရန် မည်သည့်အချိန်ကမှ စိတ်ကူးမရှိပဲ ရပ်တည်ချက်အား လက်ခံမည် မဟုတ်ပေ။ သူ့အား တွန်းဖယ်ထားရင်း တစ်ဖက်သို့ ဆုတ်လာလိုက်သည်။
"တကယ်လို့ ရှင်က ပြောစရာရှိရင် ပြောလိုက် ။" သူမက ပြောလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...