အခန်း(၁၀၂၇)
အိုးခွဲခြင်း။ အဆုံးအထိ မေးခွန်းထုတ်ခြင်း။
ဆေးမီးဖိုသခင်မှာ Gu Qishao ထံ စိုက်ကြည့်လိုက်လျှင် သူ၏ မျက်လုံးများတွင်းမှ ရက်စက်သော အရိပ်အယောင်များအား ချက်ချင်းဖမ်းမိလိုက်သည်။ခေါင်းမာသော ကလေးတစ်ယောက်ကဲ့သို့ Gu Qishao မှာ သူလိုချင်သည့်အတိုင်း မဆင်မခြင်ပြုမူနေကာ သူ၏ အကြည့်များတွင် အဖြေများတောင်းဆိုနေသည်။ ထိုမြင်ကွင်းမှာ အလွန်ရင်းနှီးနေသကဲ့သို့ ဆေးမီးဖိုသခင်အား ထိတ်လန့်စေခဲ့သည်။ ယခင်က တွေ့ကြုံဖူးသကဲ့သို့ပင်။ တစ်ခဏလောက် သူက ဘယ်လိုဖြေရမှန်း မသိတော့ပေ။
Gu Qishao မှာ သူ့ထံ စူးစူးရဲရဲစိုက်ကြည့်နေသည့်တိုင် ကောင်းကင်မီး ချန်မီးဖိုအား နောက်ထပ် မထိခိုက်စေတော့ပေ။ သူက လက်ကိုင်အား ဆွဲယူကာ တံခါးအား ဆွဲချလိုက်လျှင် လေထဲသို့ ဆေးနံ့များ ထွက်ပေါ်သည်။ အားလုံးမှာ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ အကယ်၍ ဆေးငါးလုံးတွင် လေးလုံးမှာ ပျက်စီးသွားခဲ့လျှင် အလွန် စိတ်ပျက်စရာကောင်းလိမ့်မည်။ ယင်းအစား၊ သူတို့မြင်လိုက်ရသည့်အရာမှာ အညိုရောင် ဆေးနှစ်လုံးပင်။
“ဆေးနှစ်လုံး။” Gu Qishao မှာ အသက်ရှူသွင်းလိုက်သည်။
အခြားသူအားလုံး၏ နှလုံးသားသည်လည်း တည်ငြိမ်သွားတော့သည်။ အကယ်၍ သူတို့၏ကြိုးစားမှု အားလုံးမှာ အချည်းအနှီး ဖြစ်သွားလျှင် စိတ်ပျက်ရမှုများအား စိတ်ကူးမကြည့်နိုင်ကြပေ။ သူတို့က နှစ်လုံးသာ ရလိုက်သော်လည်း တစ်လုံးထက်တော့ ပိုကောင်းသေးသည်။ အနည်းဆုံးတော့ တစ်လုံးမှာ အရံသုံးနိုင်လိမ့်မည်။ သို့တိုင် ဆေးမီးဖိုသခင်မှ ပြောလိုက်သည်။ “နေဦး၊ ဒီအဘိုးကြီးက သူတို့ကို စစ်ဆေးရဦးမယ်။”
အမြင်တစ်ခုတည်းဖြင့် ဆေးလုံးများ အောင်မြင်ခြင်း ရှိ၊ မရှိ အတည်မပြုနိုင်ပေ။ တစ်ဖန် လူတိုင်းမှာ တင်းမာလာပြန်သည်။ ဆေးမီးဖိုသခင်မှာ ဆေးလုံးများ မယူနိုင်ခင် Gu Qishao မှာ ဆေးလုံးများအား အရင် ယူကာ Long Feiye ဆီကို ပစ်ပေးလိုက်သည်။ "ဖမ်းလိုက်.."
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...