အခန်း(၁၁၄၃)
လုံဖေးယဲ့က အမှန်တကယ် ခွင့်လွှတ်မှု တောင်းခံလာတယ်။
Bai Yanqing မှာ Long Feiye မှ ဘဝတံခါးကို ရှာတွေ့ခဲ့သည်ကို မယုံကြည်ခဲ့ပေ။ ထိုအမျိုးသားမှာ သူ့ကို လှည့်စားရန် ရည်ရွယ်ချက်ရှိရှိ လိမ်ညာပြောဆိုနေသည်ဟု ထင်မှတ်နေသည်။
သို့ရာတွင် Gu Beiyue မှလည်း တုံ့ပြန်လိုက်လေသည်။ "ကျွန်တော်လည်း တွေ့ပါပြီ။ အဲဒါက ခွမ်းအနေအထားမှာပါ။”
ယခုတွင်တော့ Bai Yanqing မှာ အံ့အားသင့်သွားတော့သည်။ အမှန်တွင်လည်း ဘဝတံခါးမှာ သူ၏ လက်ရှိပုန်းအောင်းနေသည့် နေရာ ခွမ်း အနေအထား တွင်ရှိနေသည်။ သို့သော် အမျိုးသားနှစ်ယောက်မှာ ခြေလှမ်းတစ်လှမ်းမှ မလှမ်းပဲ သူ၏ အခင်းအကျင်းကို မြင်တွေ့သွားသည်။ သူ၏ နားနှင့် ကိုယ်တိုင်မကြားရလျှင် သူက သံသယဖြစ်လိမ့်မည်။
တုန်လှုပ်ခြောက်ခြားသွားသည်နှင့်အမျှ၊ Bai Yanqing ၏ မျက်လုံးများမှာ အဆိပ်ပြင်းလာကာ တင်းမာလာသည်။ သူတို့ဘဝတံခါးကို ရှာတွေ့သွားတာလည်း ကောင်းတာပဲ.. သူတို့ နီးကပ်လာတဲ့အချိန်အထိ ငါက ဒီမှာစောင့်နေမယ်။ သေလမ်းရှာဖို့ အရည်အချင်းကို မတန်တဆ အထင်ကြီးနေတဲ့ အဓိပ္ပါယ်ကို ငါက အဲဒီ ပုပ်သိုးနေတဲ့ Long Feiye ကို သင်ပေးလိုက်မယ်။
ဘဝတံခါးမှာ လမ်းပိတ် “မရဏတံခါး” ဖြစ်သောကြောင့်၊ ၎င်းမှာ လူသတ်မှုခုနစ်သွယ်တွင် အန္တရာယ်အရှိဆုံးနေရာဖြစ်လိမ့်မည်။ Long Feiye တို့ အဖွဲ့မှာ နီးကပ်လာသရွေ့ သူတို့ကို ခွဲထုတ်ရန် သူ့တွင် နည်းလမ်းများစွာ ရှိနေသည်။
Long Feiye မှာ သူ့ကို ထိုချောက်ကြီးထဲတွင် အကြိမ်များစွာ တောင်းပန်စေခဲ့သော်လည်း ယခုတော့ သူက ၎င်းကို ပြောင်းပြန်လှန်ပစ်တော့မည်။ Bai Yanqing ၏ ဒေါသများမှာ တဖြေးဖြေး ဆူပွက်လာပြီး စကားမဲ့ကျောက်ပြားနောက်တွင် ရပ်ကာ Long Feiye တို့အဖွဲ့ကို စောင့်ကြည့်ရန် ခန္ဓာကိုယ်တစ်ဝက် လှည့်လိုက်သည်။
သို့ရာတွင် နောက်ဆုံးတွင်တော့ Gu Beiyue နှင့် Gu Qishao မှ ပျောက်ကွယ်သွားကြောင်း သူက တွေ့လိုက်ရလေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...