အခန်း(၁၀၆၁)

235 25 0
                                    

အခန်း(၁၀၆၁)

အလွန်အမင်း မောက်မာသော အနီဝတ်လူ။







အချိန်မှာ ရွေ့လျားနေသည်…..

Cang Xiaoying မှာ အပ်တံတိုင်းနံရံကို မျက်နှာမူကာ ချောက်ကမ်းပါးပေါ်တွင် တုံ့ဆိုင်းနေသည်။ Han Yunxi  မှာ သူမ၏ ရင်ဘတ်တွင် လက်နှစ်ဖက်ပိုက်ကာ ထိုနံရံ၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။ Cang Xiaoying မှာ ဒေါသတကြီးဖြင့် သူမ၏မျက်နှာကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အခြားတစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ထားသည်။ "Han Yunxi နင်ဘာလုပ်နေတာလဲ။"

“ကြည့်ရတာ အကြီးဆုံး သခင်မလေးချန်က အဆိပ်ဖြေဆေးကို မလိုချင်တော့ဘူးတူတယ်။” Han Yunxi မှာ အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ဒေါသတကြီးဖြင့် Cang Xiaoying မှာ သူမ၏လက်နက်ကို ဝှေ့ယမ်းပြီး အပ်များကို ခုတ်ပိုင်းလိုက်သော်လည်း၊ ၎င်းတို့မှာ အလွန်အစွမ်းထက်နေကာ သူမ၏ဓားမှာ တွန်းလှန်ခြင်းမပြုနိုင်ပေ။ Han  Yunxi  မှာ ခေါင်းတွင် တိတ်တဆိတ် ရေတွက်ရင်း မတုန်မလှုပ် မတ်တပ်ရပ်နေသည်။ပမာဏအလိုက်၊ တစ်နှစ်လို တစ်ညမှာ  တုံ့ပြန်ချိန် ကွာခြားလေသည်။ 

သူမ၏ ကျရှုံးမှုကို လက်မခံချင်ပဲ Cang Xiaoying မှာ နံရံကို ထပ်မံ ခုတ်ပိုင်းလိုက်သော်လည်း ဓားမှာ နောက်ပြန်တွန်းကန်ခံလိုက်ရသည်။ သူမက ကြောက်ရွံ့လာသည်နှင့် ရူးသွပ်မှုမှာ ဖောက်ထွင်းဝင်ရောက်လာသည်။ Han Yunxi မှာ ပြုံး၍ ပြောလိုက်သည်။ "အကြီးဆုံး သခင်မလေးချန် ဒါက ဘယ်လိုလဲ။ငါ့မေးခွန်းတစ်ချို့ကို ဖြေပေး။ နင့်စကားကို ငါကျေနပ်ရင် အဆိပ်ဖြေဆေး ပေးမယ်။"

Cang Xiaoying  မှာ ချက်ချင်းရပ်တန့်သွားသည်။ "ဘယ်မေးခွန်းတွေလဲ။"

"ငါ့ ကိုယ်ခံပညာက ဘယ်လိုလဲ။" Han Yunxi  မှ မေးလိုက်သည်။

"နင်က ငါ့ထက် ကျွမ်းကျင်ပြီး သန်မာတယ်။" Cang Xiaoying မှာ မဆိုင်းမတွ ပြောလိုက်သည်။

Han  Yunxi  မှာ ခေါင်းခါလိုက်သည်။ “အဲဒါ မြှောက်ပင့်နေတာ ရိုးသားမှု မရှိဘူး။”

“နင့်ရဲ့ အတွင်းအားက အရမ်းအားကောင်းပြီး အပ်တစ်ချောင်းစီက ကွဲပြားပြီး ထူးဆန်းတယ်။ နင့်ရဲ့ အဆိပ်စွမ်းရည်က သပ်ရပ်ပြီး ကြမ်းတမ်းလွန်းတယ်။ နင်က ကျွမ်းကျင်သူလို့ ယူဆနိုင်တယ်။ နင်နဲ့ တန်းတူယှဥ်နိုင်တာ ကောင်းကင်ယံတောင်ရဲ့ အဖိုးတန် တပည့်နည်းနည်းပဲ ရှိတယ်။” Cang Xiaoying မှာ အမှန်အတိုင်းပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now