အခန်း(၁၀၇၂)

256 25 4
                                    

WARNING

-------------

Warning for nasty graphic description of torture.

အလယ်လောက်မှာ ညှင်းပန်းနှိပ်စက်တဲ့အခန်း ပါတယ်ရော်။ ကြောက်တတ် အသည်းယားတတ်တဲ့ သူတွေ သတိပြုပါ။

------------
အခန်း(၁၀၇၂)

သေသင့်တဲ့ သူတွေက အနှေးနဲ့အမြန် သေရမှာပဲ။





Ning Cheng မှာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသရွေ့ Jun Yixie မှာ သူ၏ မည်သည့် တောင်းဆိုချက်မဆို သဘောတူလိမ့်မည် ။ ထိုအမျိုးသားမှ သူ့ကိုကူညီနေသရွေ့ သူ့ကိုယ်သူ လိုက်လျောရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ အနာဂတ်တွင် သူနှင့် ကမ္ဘာတစ်ခြမ်းခွဲပေးရန်ပင် စိတ်မကွက်ပေ။ သူက မြင်သည့်အတိုင်းဆိုလျှင် Ning Cheng မှ ​​Han Yunxi ကို သစ္စာမဖောက်ရသေးသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့၏ မဟာမိတ်တွင် အသာစီးမရမည်ကို စိုးရိမ်နေ၍ပင်။  ဘာ "ငါ ကမ္ဘာကြီးကို မလိုချင်ဘူး ငါက ဟန်ယွင်ရှီးကိုပဲ လိုချင်တယ်" လဲ…အဲဒါ အမှိုက်ပဲ။

အမျိုးသားများအတွက်၊ နိုင်ငံတော်မှာ အမြင့်မြတ်ဆုံးဖြစ်သည်။ အလှတရားများမှ ဘာအတွက် ယူဆနိုင်မည်လဲ။

Jun Yixie ၏ နှုတ်ခမ်းများမှာ Ning Cheng ကို မျက်နှာမူရင်း ကိုယ့်ကိုယ်ကိုယ် ထေ့ငေါ့ကာ ပြုံးလိုက်သည်။ ထိုအချိန်က Ning Cheng ၏ကြေငြာချက်ကို သူက အဘယ်ကြောင့် အရူးကဲ့သို့ ယုံကြည်ခဲ့သည်ကို မသိတော့ပေ။ သူက ထိုလူ၏ တောင်းဆိုချက်များကို စောင့်မျှော်နေသော်လည်း Ning Cheng မှာ မမျှော်လင့်ထားသော တောင်းဆိုချက်ကို တောင်းဆိုလာသည်။

သူက ပြောလိုက်သည်။ "တကယ်လို့ မင်း ငါနဲ့ အလုပ်တွဲလုပ်ချင်ရင် ဒီမျိုးနွယ် ရဲ့ ပထမဆုံး သစ္စာဖောက်ကို အပြစ်ပေးဖို့ ကူညီပေး.."

ဘေးနားတွင် သံကြိုးဖြင့် ချည်နှောင်ထားခံရသော ဦးလေးချန်မှာ မှတ်ချက်ကြောင့် ခေါင်းမော့လာ တော့သည်။ “သခင်နင်…”

Jun Yixie မှာ အံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောကာ ဦးလေးချန်ကို လှည့်ကြည့်လိုက်သည်။ "သူလား…"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now