အခန်း(၄၀၀)

1.7K 148 21
                                        

အခန်း(၄၀၀)

အတော်လေး စိတ်ကောင်းဝင်နေခြင်း။








ငါးဖမ်းကျွန်းမှာ အသေအချာပင် ထူးခြားသော နေရာဖြစ်လေသည်။ ကျွန်းတစ်ခုလုံးမှာ စက်ဝိုင်းပုံသဏ္ဌာန်ရှိက အပြင်ဘက်ကမ်းခြေတွင် ပုံရိပ်ယောင်ပင်လယ်ကန် ဖြစ်သော ၎င်း၏ အဆန်းကြယ်ဆုံးနေရာအား သစ်တောများဖြင့် ဝိုင်းရံထားသည်။ Baili Mingxiang မှာ ထူထဲသော မြေခွေးမွှေးဝတ်ရုံထဲတွင် ကျုံ့နေကာ ဦးဆောင်သွားလိုက်သည်။ ယခင်က ဤကျွန်း၏ အခြေအနေများအား သူမက ​လေ့လာထားဖူးကာ အကြိမ်အနည်းငယ်ပင် လာရောက်ဖူးခဲ့သည်။ သဘာဝကျစွာပင် သူမက ငါးမျက်လုံးများအား မည်သည့်နေရာတွင် ရှာရမှန်း သိနေသည်။

Long Feiye နှင့် Han Yunxi တို့မှာ သူမနောက်တွင် ရှိနေပြီး Long Feiye မှာ သူမ၏ လက်အား ဆုတ်ကိုင်ထားပြန်သည်။ ၎င်းမှာ သူ့အတွက် အလေ့အကျင့် ဖြစ်လာဟန်တူသည်။ စစ်သူကြီး Baili မှာ အနောက်တွင် တံငါသည်များနှင့် ​အစေအပါးအုပ်စုတို့ဖြင့် လိုက်လာပြီး တစ်ဖွဲ့လုံးမှာ တောအုပ်ထဲသို့ ဝင်လာကြသည်။

“ဒါက တကယ်ပဲ ထူးဆန်းတယ်။ ဆောင်းတွင်းအလယ်ဖြစ်နေတာတောင်မှ အပင်တွေက သီးပွင့်နေတုန်းပဲ။ ဒါဆိုရင် ရှေ့က ရေကန်က ဘာလို့ ခဲနေတာလဲ။” Han Yunxi မှာ မေးမြန်းလိုက်သည်။

ဤကျွန်းမှာ မြောက်ပိုင်းဖြင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ဆောင်းတွင်းတွင် အေးခဲနေသည့် ရေကန်ရှိခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် စိမ်းစိုနေသော သစ်တောမှာ အခြားကိစ္စဖြစ်သည်။ Han Yunxi မှာ သူမ၏ ပုံမှန်ဗဟုသုတဖြင့် နားမလည်နိုင်ချေ။ Baili Mingxiang မှာ ရှင်းပြရန် ပြင်လိုက်စဥ် Long Feiye မှ အရင်ပြောလိုက်သည်။ “ဒီကျွန်းတစ်ခုလုံးက ပုံမှန်သဘောတရားရဲ့ အပြင်မှာ ရှိတယ်။"

ကောင်းပြီ။ အဲ့ဒီလိုကပဲ မူမမှန်တဲ့ ကိစ္စတွေ အကုန်လုံးကို ရှင်းပြနိုင်တယ်။

“အဲ့တာက အဖြေလို့ ယူဆလို့မရဘူးလေ။" Han Yunxi မှာ သူမကိုယ်သူမ ရေရွတ်လိုက်သည်။ သို့တိုင် ဖြည်းညင်းစွာဖြင့် ၎င်းမှာ လက်ခံနိုင်သော ရှင်းပြချက်ဖြစ်ကြောင်း သူမက ရှာတွေ့သွားတော့သည်။ အဆုံးတွင် သဘာဝတရားကြီး၌ မူလတည်းကပင် နားမလည်နိုင်သော ဖြစ်စဥ်များစွာ ရှိနေခဲ့သည်။ အချိန်ခဏကြာ လမ်းလျှောက်ပြီးနောက် Han Yunxi မှာ သူမ၏ ဝတ်ရုံအား ချိန်ညှိလိုက်ပြီး အနည်းငယ်အေးလာ သကဲ့သို့ ခံစားလိုက်ရသည်။ လေမှလွဲ၍ အပူချိန်မှာ သိပ်မထူးခြားလှပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now