အခန်း(၄၅၆)

1.2K 126 10
                                        

အခန်း(၄၅၆)

သူမအား စေ့စပ်စွာ သင်ခန်းစာပေးခြင်း။







Long Feiye မှာ ရိုးရှင်းစွာဖြင့် လက်ထဲမှ အသက်ကြိုးအား လွှတ်လိုက်လေသည်။

Su Xiaoyu မှာ မြေပြင်ပေါ်သို့ စူးရှစွာ အော်ဟစ်ရင်း ပြုတ်ကျလာလေသည်။ “အား….”

Long Feiye ၏ လက်ထဲမှ ကြိုးမှာ အလွန်လျင်မြန်စွာ လွှတ်သွားပြီး အဆုံးသို့ လျင်မြန်စွာ ရောက်လာသည်။ ကြိုးမှ မကျန်တော့သည်နှင့် Su Xiaoyu မှာ မြေပြင်နှင့် တိုက်မိသွားလိမ့်သည်။

“အား… အား………….”

မြေပြင်မှ သူမနှင့် နီးကပ်လာသည်အားကြည့်ရင်း Su Xiaoyu မှာ မျက်လုံးများ တင်းကျပ်စွာ မှိတ်ကာ အော်ဟစ်နေသည်။ ၎င်းမှာ နီးကပ်လာသော သေခြင်းတရားကြောင့် အလိုအလျောက် တုံ့ပြန်မှု ဖြစ်သည်။ သို့သော် ရုတ်တရက် ရပ်တန့်သွားသည်။

Su Xiaoyu ၏ မျက်လုံးများမှာ ပွင့်လာပြီး ရုတ်တရက် ပြုတ်ကျလာမှုကြောင့် သူမ၏ ခေါင်းမှာ လည်နေသည်။ သူမ၏ နားများမှာလည်း ဆူညံနေပြီး သူမခေါင်းမှာ မြေပြင်နှင့် တစ်လက်မပင် မလိုတော့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ တစ်နည်းဆိုလျှင် သူမက ဆံပင်ချည်တစ်မျှင်စာဖြင့် သေခြင်းတရားမှ လွှတ်မြောက်လာခြင်း ဖြစ်သည်။ ထိုသတိပြုမှုကြောင့် Su Xiaoyu မှာ အေးစက်စွာ အသက်ရှူလိုက်သည်။ နီးနေပြီ.. အရမ်းနီးနေပြီ.. တကယ်လို့ Long Feiye ကသာ ကြိုးကို ဖမ်းတာ နှေးသွားရင် အခုဆို မြေကြီးပေါ်မှာ ငါ့ဦးနှောက်တွေ ဖြစ်နေလိမ့်မယ်။

အရမ်းနီးနေပြီ!!! သူမက Han Yunxi အား မည်သို့ ဖြေရှင်းရမည်အား နည်းလမ်းရှာပြီးသွားသဖြင့် မည်သည့်အတွက်ကြောင့် ထိုသို့ သေနိုင်မည်လဲ။ ပြီးတော့ အဲ့ဒီလို ဆိုးရွားတဲ့ နည်းလမ်းနဲ့!! အဲ့တာ ကြောက်ဖို့ကောင်းလွန်းတယ်။

အဲ့ဒီ မုန်းစရာကောင်းတဲ့ Long Feiye .. သူက ဘာလို့ အစောကြီး ပြန်လာတာလဲ။  Su Xiaoyu မှာ စိတ်ရှုပ်နေသော်လည်း သူမ၏ ခံစားချက်အား အလျင်အမြန် ထိန်းညှိလိုက်သည်။ Long Feiye မှ ပြန်လာလျှင်ပင် သူမက မကြောက်ပေ။ သူမက နှစ်ယောက်အား တုံ့ပြန်ရန် နည်းလမ်းရှိပြီ ဖြစ်သည်။ Long Feiye မှ သူမအား ဆွဲတင်မည့်ချိန်အထိ သူမက ခိုးကြည့်ရန် ငြင်းဆန်နေသည်။ ထိုထောင့်အနေအထားမှ သူမက မြင်ရသမျှ Long Feiye နှင့် Han Yunxi တို့ ဖိနပ်များသာ ဖြစ်သည်။ ငါက ဒီလိုမျိုးနဲ့ သူတို့ကို ဘယ်လို စကားပြောရမှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now