အခန်း(၄၉၂)

740 96 16
                                    

အခန်း(၄၉၂)

လူကြီးလူကောင်းက ရှာတွေ့သွားတယ်။






အဲဒီအမျိုးသမီးက ဟန်အိမ်ကို သွားခဲ့တယ်။

Long Feiye မှာ နောက်ဆုံးမှ တည်ငြိမ်သွားသော်လည်း ယခုတွင် ထပ်မံ၍ ဒေါသဖြင့် ဝါးမြိုခံလိုက်ရပြန်သည်။ သူက သူမကို အိမ်ပြန်စေချင်ပေမယ့် သူမက ဟန်အိမ်ပြန်သွားချင်တယ်။ ဒါဘာကိုဆိုလိုတာလဲ။ သူမက ချင်ဝမ်အိမ်တော်ကို  ပြန်လာဖို့ရန် စိတ်ကူးမရှိတော့ဘူးလား။ သူမက ငါ့ကိုထားခဲ့ချင်လား……

Long Feiye ၏ အမျက်ဒေါသမှာ အေးစက်နေပြီဖြစ်သော သူ၏ မျက်နှာအား ရေခဲအလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ပင်။ သူ၏ လက်ထဲတွင် ဆေးအိတ်လေးအား ကြေမွလုနီးပါး ဆုတ်ကိုင်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးမှ  အန္တရာယ်အငွေ့အသက်များ ထုတ်လွှတ်နေသည်။။

သို့တိုင် သူက စကားတစ်ခွန်းမှ မဆိုပေ။

မြင်းလှည်းအပြင်ဘက်တွင် Chu Xifeng မှာ ထိတ်လန့်ကာ တုန်လှုပ်နေတော့သည်။ အရှင့်သားမှာ Xu Donglin ၏ စကားများအား ကြားသလား မသိသော်လည်း မည်သို့ပင်ဖြစ်စေ သူက သတင်းပို့ရ ဦးမည်။ အဆုံးတွင် အရှင့်သားမှာ လေးစားရတဲ့ဝမ်ဖေးအား အိမ်ပြန်ပို့ရန် တာဝန်အား သူ့ထံ ပေးခဲ့ခြင်းဖြစ်သည်။ Chu Xifeng မှာ Xu Donglin အား စူးကြည့်လိုက်ပြီးနောက် စကားစရန် သတ္တိ မွေးလိုက်သည်။ သို့သော် Long Feiye မှာ ရုတ်တရက် ပြောလာလေသည်။ "အထဲကို မဝင်သေးဘူးလား။"

Chu Xifeng မှာ ထိတ်လန့်တကြားဖြင့် ခုန်တက်ကာ မြင်းလှည်းအား ဘေးတံခါးတစ်ဖက်မှဖြတ်၍ လျင်မြန်စွာ ဦးတည်လိုက်သည်။ အရှင့်သားမှာ  Han  Yunxi  အား ခြေရာခံရန် စီစဉ်နေသလားဆိုခြင်းအား သူက  မမေးဝံ့ပေ။ သို့တိုင် သူ၏ တစ်စိတ်တစ်ပိုင်းမှာ အရှင့်သားမှ ၎င်းအား တစ်နည်းနည်းနဲ့ အသိအမှတ်ပြုရန် မျှော်လင့်နေသည်။

ထိုအစား Long Feiye မှာ သူ၏ အခန်းဆီသို့ တည့်မတ်စွာသွားလိုက်ပြီး စကားမဆိုပဲ တံခါးပိတ်လိုက်လေသည်။

Zhao မားမား ၊ Baili Mingxiang နှင့် Su Xiaoyu တို့မှာ Chu Xifeng အား ဝိုင်းရံလိုက်ကြပြီး တစ်ယောက်စီမှ  မတူညီသည့်အရာများအား စိုးရိမ်နေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now