အခန်း(၅၀၅)

1.2K 114 16
                                        

အခန်း(၅၀၅)

သူက သံသယဝင်စရာ အကောင်းဆုံးပဲ။



Gu Qishao ရဲ့ အပြုအမူအတွက် ရည်ရွယ်ချက်က ဘာလဲ။

Tang Li အား စိုက်ကြည့်ရင်း Han Yunxi မှာ မျက်ခုံးတွန့်လိုက်သည်။ သူက ထပ်ပြောလာလေသည်။ "မင်းရဲ့ ကျွမ်းကျင်မှု အတိုင်းအတာကို သူက ရှင်းရှင်းလင်းလင်း သိတယ်။ ဒါကြောင့် ဒီအရောအနှောကို ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာဖြစ်ရမယ်။ ပြီးရင် မင်းကို သူ့အနားမှာ ခေါ်ထားနိုင်လိမ့်မယ်။”

“ဒါမှမဟုတ် ငါတို့က နောက်တစ်လှမ်းပြန်ဆုတ်လိုက်ဦး။ ငါ့အစ်ကိုကြီး မင်းကို တကယ်လှည့်စားပြီး Gu Qishao က သိနေတယ်ဆိုရင် ဘာလို့ မင်းကို သက်သေပြပြီး တိုက်ရိုက်မပြောတာလဲ။ ဘာလို ဒီလို အားထုတ်ပြီး ရှုပ်ရှုပ်ထွေးထွေး ကြံစည်နေတာလဲ။ အဲဒီလူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ သဘောထားကွဲအောင်နေတာပဲ။”

Long Feiye မှာ နှုတ်ဆိတ်နေသော်လည်း Han Yunxi ၏အမူအရာမှာ ရှုပ်ထွေးသွားသည်။ ၎င်းမှာ အတိအကျပင် Gu Qishao ၏ ရည်ရွယ်ချက် ဖြစ်နေသဖြင့် Tang Li ၏စကားများမှာ အဓိပ္ပါယ်ရှိနေသည်။ သူ၏ မကောင်းသော ရည်ရွယ်ချက်များဖြင့် Gu Qishao မှာ ကိုယ်ပိုင် ကြံစည်မှုရဲ့ ကြေကွဲဖွယ် အဖွဲ့ဝင်အဖြစ် သက်ဆင်းသွားရခြင်း ဖြစ်သည်။ Han Yunxi မှာ ထိုအချက်များအား သူမကိုယ်တိုင် စဉ်းစားခဲ့သော်လည်း Tang Li ရဲ့ နှိုးဆော်မှုမှာ သူမ၏ နှလုံးသားထဲမှ ချိန်ခွင်လျှာအား ကူညီပေးလိုက်သည်။ အကယ်၍ သံသယရှိလျှင် Gu Qishao မှာ သံသယအရှိဆုံးသူ ဖြစ်သည်။ Long Feiye မှာ မျဥ်းတစ်ကြောင်းကဲ့သို့ တင်းကြပ်စွာ စေ့ထားသော နှုတ်ခမ်းများဖြင့် သူမအား စိုက်ကြည့်နေစဉ် သူမက အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။

"ကြည့်လေ၊ ငါက ပေါက်ကရ ပြောနေတာမဟုတ်ဘူး ဟုတ်တယ်မလား။" Tang Li မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အကြောင်းအရာအား ပြန်လည် စတင်လိုက်သည်။ "ငါ့အစ်ကိုကြီးလို ထက်မြက်တဲ့ လူတစ်ယောက်က Gu Qishao လို လူကို ရှုံးစရာလား။ ယောက်ျားပီသပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် စိတ်လှုပ်ရှားတယ်ဆိုရင်တောင် ငါ့အစ်ကိုကြီးကိုပဲ မင်းက ငေးနေသင့်တယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now