အခန်း(၅၄၃)
ချင်ဝမ်အားအစားတစ်နပ် အဖော်ပြုပေးခြင်း။
Han Yunxi မှာ ရောက်ရှိလာသော တူကြောင့် အံ့အားသင့်သွားသော်လည်း မလှုပ်ရှားသေးပေ။ ထို့ကြောင့် Long Feiye မှာ စိတ်ရှည်စွာ စောင့်နေလေသည်။ ဟင်းဆယ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက်မှာ မီးဖိုချောင်မှ လတ်ဆတ်စွာ ရောက်ရှိလာပြီး ပူပူနွေးနွေး ရှိနေသည်။ မကြာခင် ရှာလကာရှည်နံ့မှာ လေထဲတွင် ပြည့်နေလာတော့သည်။
“ပူတုန်း စားလေ။" Long Feiye မှာ အတက်အကျ မရှိပဲ ပြောလိုက်သည်။
“အစောတုန်းက အောက်ထပ်မှာ ကျွန်မ ဗိုက်ပြည့်အောင် စားလာပြီ။ ဘာ.. ဘာလို့ ဝမ်ရယ်က ကိုယ့်ဘာသာ မစားရမှာလဲ။” Han Yunxi မှာ အချိုသပ်ရန် ကြိုးပမ်းလိုက်သည်။
အတိတ်တွင် သူမက အလေးအနက်ဖြစ်နေချိန် သို့မဟုတ် စိတ်တိုနေချိန်တွင် ဝမ်ရယ်ဟု အမြဲတစေ ခေါ်လေ့ရှိပြီး ယခုတွင်မူ မဝံ့မရဲဖြင့် အပြစ်ရှိစိတ်များ ဖြစ်နေသည်။
“မင်းရဲ့အရှင်က ကိုယ့်ဘာသာ စားရမယ်။" Long Feiye မှာ သဘောကျစွာ မေးလိုက်သည်။ Han Yunxi မှာ အဖြေပေးရန် သတ္တိမရှိသော်လည်း ပြုံးနေဆဲပင်။
“မင်းက နည်းနည်းမှ မစားချင်တာ သေချာရဲ့လား။" Long Feiye မှာ ထပ်မံမေးမြန်းလာကာ သူ၏ အသံမှာလည်း တည်ငြိမ်နေသည်။ သို့တိုင် ပတ်လည်ရှိ ခြိမ်းခြောက်နေသော ရှာလကာရည်နံ့မှာမူ မမှားနိုင်ပေ။ ဟန်ယွင်ရှီးမှာ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ အတိတ်တွင် သူမက သူ့အား ရှာလကာရည်ဖြင့် မုန့်များကျွေးခဲ့စဥ်က အနံ့အား ဖုံးကွယ်ထားသဖြင့် တစ်ယောက်ယောက်မှ မုန့်အား မကိုက်ရခင်အချိန်အထိ ပြောနိုင်မည် မဟုတ်ပေ။ ၎င်းမှာ ပုန်းလျှိုးကွယ်လျှိုး ကြံစည်မှု ဖြစ်သော်လည်း ဤချဥ်သော ဟင်းပွဲများ ပြည့်နေသည့် စားပွဲမှာ သူမအား ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေခြင်းပင်။ သူမက စိတ်ဆိုးနေသဖြင့်အကြံအား ဖုံးကွယ်ထားခဲ့စဥ် သူက ရိုးရှင်းစွာဖြင့် ‘မင်းရဲ့အရှင်က အရမ်းအရမ်းကိုမကျေမနပ်ဖြစ်နေတယ်’ ဟု ထုတ်ဖော်လာသည်။
Han Yunxi မှ တိတ်ဆိတ်နေသည်အား မြင်လျှင် Long Feiye မှာ ဖိအားမပေးတော့ချေ။ သူက တူအား ပြန်ထားကာ ပန်းကန်လုံးအပြည့် ချဥ်စပ် စွပ်ပြုတ်အား ခပ်ထည့်ကာ အရသာ မြည်းစမ်းလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
