အခန်း(၄၆၁)
ဆွံ့အအဘွားကို လွှဲပေး။
ယခုဆိုလျှင် Han Yunxi နှင့် Long Feiye တို့မှာ ဆေးမိစ္ဆာတောင်ကြားသို့ အကြိမ်များစွာ သွားရောက်ခဲ့ပြီး အကြိမ်တိုင်းမှာ သူမ၏ လူနာအား ကယ်တင်ရန် အလျင်စလိုသွားကာ ပြန်ခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင် ကွာခြားလေသည်။ သူတို့၏ လှည်းထဲတွင် Long Feiye မှာ တည်ငြိမ်နေသော်လည်း Han Yunxi မှာ ဂနာမငြိမ်ဖြစ်နေသည်။ အကယ်၍ သူမက အပူလောင်ဒဏ်ရာမှ သက်သာလာပြီးစ မဟုတ်လျှင်၊ Long Feiye မှ မြင်းလှည်းနှင့် သွားရန် ခေါင်းမာနေခြင်း မဟုတ်လျှင် သူမက တောင်ကြားသို့ မြင်းစီးသွားမည် ဖြစ်သည်။
ယခင်အတိုင်း Long Feiye မှာ နံရံအား ပျင်းရိစွာ မှီနေပြီး စာအုပ်ဖတ်နေသည်။ လက်ရှိ သူ၏ တိတ်ဆိတ်နေသည့် ပုံရိပ်မှာ Han Yunxi အား သူတို့၏ ကျန်းနန် မက်မန်းပွင့်ပင်လယ်မှ နေ့ရက်များအား သတိရလာမိသည်။ သူမက မနှောင့်ယှက်ချင်သော်လည်း မနေနိုင်ပဲ မေးမိပြန်သည်။ “ဝမ်ရယ်.. ရှင်က အစောင့်အကြပ်ဘယ်လောက်တောင် ခေါ်လာလဲ။"
Long Feiye မှာ စာအုပ်အား အာရုံစိုက်ထားဆဲဖြစ်ကာ တုံ့ပြန်လိုက်သည်။ “နည်းနည်းလောက်”
“အဲ့တာက နည်းနည်းမှ မနီးစပ်ဘူး ဟုတ်ပြီလား။” Han Yunxi မှာ အလေးအနက် ပြောလိုက်သည်။ ကျွန်မတို့က ဆုံးရှုံးတာကို ပြန်တောင်းဖို့ သွားနေတာ ဧည့်သည်လုပ်ဖို့ မဟုတ်ဘူး။
Long Feiye မှာ မျက်လုံးများပင့်ကာ သူမ၏ မျက်ဝန်းများဖြင့် တွေ့ဆုံလိုက်သည်။ “မင်းရဲ့အရှင်ကို အတူခေါ်လာတာ မလုံလောက်ဘူးလား။” သူ၏ အစောင့်အကြပ်များမှာ Gu Qi Sha နှင့် တိုက်ခိုက်ရန်ထက် အဆင်ပြေရန်သာ လိုက်လာခြင်း ဖြစ်သည်။ ဆေးမိစ္ဆာမှာ သူ့ထံတွင် နှစ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ သို့ဖြစ်၍ Long Feiye မှာ ထိုအမျိုးသားနှင့် ပတ်သက်၍ အပို ပြင်ဆင်မှုများအတွက် စိတ်ရှုပ်မခံတော့ပေ။ Gu Qi Sha မှာ အကျိုးအမြတ်အတွက် အခွင့်အရေးအား ဖမ်းဆုတ်ရန် ပြောင်းဆန်စေ့အဆိပ်ဖြေဆေးတွင် အသုံးမဝင်သော ဆေးများအားရောထား၍ ပမာဏအား လိမ်ညာခဲ့သည်။ Gu Qi Sha မှာ သူ၏ သိမ်နုတ်သော အကြံအစည်များအား စီမံခြင်းထက် ပို၍ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...