အခန်း(၄၇၄)

883 98 24
                                    

အခန်း(၄၇၄)

Han Yunxi  က တစ်မျိုးပြောပြီး နောက်တစ်မျိုး ဆိုလိုတယ်။






အခွင့်အရေးကို လက်လွှတ်မခံဘူး။

Han Yunxi  မှာ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်တော့သည်။ Ouyang Ningnuo ၏ စကားများမှာ အလွန်ရိုးဖြောင့်ဟန် ရှိနေသော်လည်း Zhangsun Zelin ၏ လက်ထဲရှိ စီးပွားရေးမှာ မည်သည့် ရိုးရှင်းသော ဆေးဝါးအရောင်းအဝယ်ထက်မဆို တန်ဖိုးရှိသည်။ Ouyang Ningnuo  မှာ နှစ်ပေါင်းများစွာအတွင်း ပိုင်ဆိုင်မှု နှင့် လုပ်ငန်းများစွာအား ဝါးမြိုခြင်းဖြင့် စုဆောင်းခဲ့သည်။ သံသယရှိစရာမလိုပဲ သူက သူတို့၏ ကြောင့်ကြမှုအား အခွင့်အရေးယူကာ ကောင်းကင်နယ်ပယ်မှောင်ခိုဈေး၏ တစ်ဝက်အား ဝါးမြိုချင်နေသည်။ ဒီလို ကြမ်းတမ်းတဲ့ ရည်ရွယ်ချက်ကြီးက တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု ဥက္ကဋ္ဌနဲ့ လိုက်ဖက်လွန်းတယ်။ ဒါပေမယ့် Long Feiye က Zhangsun Zelin  ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ဘာလို့ သေချာနေတာလဲ။

Long Feiye  မှာလည်း ထိုအဖြေအား စိတ်ဝင်စားနေသည်။ “ဒီအရှင်က Zhangsun Zelin  ကို ညှိနှိုင်းနိုင်လိမ့်မယ်လို့ မင်းက ထင်တယ်ပေါ့။"

Ouyang Ningnuo  မှာ အကျယ်တဝင့် မပြောသော်လည်း ရိုးရှင်းစွာ ပြုံးလိုက်သည်။ “တကယ်လို့ အရှင့်သားချင်ဝမ်က ကမ်းလှမ်းတာကို သဘောတူရင် စာချုပ်ရေးရအောင်ပါ။ ဒီလူက အသေးစိတ်ကို နောက်မှပြောလည်း နောက်မကျသေးပါဘူး။”

သူက စီးပွားရေးသမား အမှန်ပဲ.. ပါးနပ်ပြီး ထက်မြက်လွန်းတယ်။

Long Feiye  မှာ ကုန်သည်တစ်ယောက်မဟုတ်သော်လည်း Ouyang Ningnuo  အား ရှုံးမည့်သူ မဟုတ်ပေ။ သူက ထိုင်ခုံတွင် ပြန်ထိုင်ကာ ပြောလိုက်သည်။ “မင်းက ဘာရေးဖို့ စိတ်ကူးထားလဲ။"

Ouyang Ningnuo  မှာ အလေးအနက် ဖြစ်လာသည်။ “ဒီလူအနေနဲ့ အရှင့်သားချင်ဝမ်က Zhangsun Zelin ကို ဖယ်ရှားပြီးရင် ဆေးဝါးမြို့တော်နဲ့ ဆေးနတ်ဆိုးဆေးပေးခန်းကြားက ပူးပေါင်းမှုအတွက် လွယ်ကူချောမွေ့စေမှာပါ။ ဒီလူက စီးပွားရေးက အမြတ်အစွန်းပါသည်ဖြစ်စေ မပါဘူး ဖြစ်စေ ဆေးပစ္စည်းတွေကို ကိုယ်တိုင် ရောင်းဝယ်တာကနေ နောက်ဆုတ်ပါမယ်။ တစ်ဖက်ကလည်း အရှင့်သားက Zhangsun Zelin ရဲ့ တခြားစီးပွားရေးတွေမှာ ဝင်ပါတာ ရှောင်ကြဥ်ပေးရပါမယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now