အခန်း(၅၅၃)

885 80 6
                                        

အခန်း(၅၅၃)

ထူးဆန်းတယ်။ ဘယ်သူက မီးငြိမ်းလိုက်တာလဲ။




Gu Qishao မှ အဆုံးမသတ်နိုင်ခင် Long Feiye  မှာ အေးစက်စွာ ဖြတ်ပြောလိုက်သည်။ “Gu Qishao.. မင်းက ဒီအရှင်နဲ့.. ဆေးမြို့တော်က အဘိုးကြီးတွေကို စာရင်း မရှင်းရသေးဘူး။ ဘာလို့ သေဖို့ လောနေတာလဲ။”

သူက ပြောလိုက်ရင်း အမှန်တကယ်ပင် ဓါးအား ဆွဲနုတ်ကာ လှုပ်ရှားမှုမှ အရှိန်အား အသုံးပြုရင်း Han Yunxi  အား ရင်ခွင်ထဲတွင်ထားကာ Gu Qishao  မှ အောက်တွင် ပါလာရင်း နောက်ထပ် ကမ်းပါးနံရံဆီသို့ ပျံသန်းသွားပြီး လက်နက်အား ထိုးစိုက်လိုက်သည်။ ၎င်းမှာ တောင့်တင်းသော ကျောက်သားများဖြစ်ကာ မြေသားများ ရောပါနေခြင်း မရှိပေ။  မျက်နှာပြင်ရှိ ဓါးမှာ ခိုင်မာစွာ နစ်ဝင်နေသည်။ ထိုသည်အား မြင်လျှင် Gu Qishao  မှာ ဝမ်းသာသွားကာ နောက်ထပ် ဓါးမြှောင်တစ်ချောင်းဖြင့် ထိုးစိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် ဓါးသွားမှာ တည်ငြိမ်နေလေသည်။  Han Yunxi  မှာ ရှည်လျားစွာ အသက်ရှူထုတ်လိုက်ပြီး နောက်ဆုံးတွင် သူ၏ လက်အား လွှတ်ပေးလိုက်သည်။
သူမက Long Feiye ထံ လှည့်ကာ ပြောလိုက်သည်။ “ရှင်က ပင်ပန်းသွားပြီ။"

Long Feiye ၏ အမူအရာမှာ အေးစက်နေသည်။ သူက တုံ့ပြန်ခြင်း မပြုသော်လည်း ခေါင်းငုံ့ကာ သူမ၏ ခေါင်းလေးပေါ်တွင် မေးတင်လိုက်လေသည်။

အဲ့တာ ဘာအဓိပ္ပါယ်လဲ။

Long Feiye  တစ်ယောက်သာ သိကောင်းသိနိုင်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ Han Yunxi  မှာ ရုတ်တရက် သူ၏ ကိုယ်သင်းရနံ့တွင် လွှမ်းခြုံခံရကာ နှလုံးသားနှင့် စိတ်မှာ အေးချမ်းသွားတော့သည်။ ထိုစဥ် သူတို့၏ ပတ်ဝန်းကျင်ရှိ တောင်တန်းမှာ အမျက်ထွက်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့  လှုပ်ယမ်းနေပြီး ကျောက်တုံးနှင့် ဖုန်မှုန့်များမှာ သူတို့၏ ဘေးမှ အဆက်မပြတ် ကျဆင်းနေသည်။ Han Yunxi  တို့ အုပ်စုမှာ အခိုက်အတန့်တစ်ခုသာ လုံခြုံနိုင်သည်။ အကြောင်းမှာ သူတို့၏ အသက်ကယ်ကျောက်တုံးမှာ ဤသို့ ဆက်ဖြစ်နေလျှင် ကွာကျလာနိုင်သည်။ သူတို့၏ နောက်ကျောဘက်တွင်လည်း မီးလျှံများမှာ တောက်လောင်နေသဖြင့် ကယ်ဆယ်မှုအားသာ စောင့်နေနိုင်သည်။ သို့တိုင် Chu Xifeng  နှင့် Tang Li  မှာ ကျောက်တုံးမှ ကွာမကျလာခင် ရောက်လာနိုင်မလားဆိုခြင်းအား မည်သူမှ မသိနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now