အခန်း(၅၆၄)

542 75 43
                                    

အခန်း(၅၆၄)

စစ်ဆေးခြင်း။ ဆိုးသွမ်းခြင်း။




တစ်ခြားမိသားစုခုနစ်စုမှာ ဘယ်မိသားစုတွေက လှုပ်ရှားနေသေးလဲ။

Long Feiye မှာ မြင့်မြတ်သောမိသားစုခုနစ်စုအပေါ်တွင် အတော်လေး စိတ်ဝင်စားနေကြောင်း ပထမဆုံးအကြိမ်ဖြစ် သတိပြုမိသွားတော့သည်။

“တကယ်လို့ ငါ့ကို ယို့မျိုးနွယ်မှန်း သိနေရင် ချင်ဝမ်က ကျန်တဲ့သူတွေကိုလည်း စုံစမ်းထားရမယ်လား။" Chu Tianyin  မှာ နှိုးဆွလိုက်သည်။ ထက်မြက်သော လူများမှာ လိုချင်သည်အား ရရန် မည်သို့ ပြောဆိုရမည်အား ကောင်းစွာ သိလေသည်။

သဘာဝကျစွာပင် Long Feiye  မှာ ၎င်းအား သတိပြုမိကာ သူက အရှေ့ချင်၏ နန်းမွေခံဖြစ်ကြောင်း မည်သို့မှ သတိလွတ်ကာ ထုတ်ဖော်မည် မဟုတ်ပေ။ “တကယ်လို့ အနောက်ကျိုးဧကရာဇ် Kangcheng က မင်းတို့ချူမျိုးနွယ်ရဲ့ ဇစ်မြစ်ကို သိသွားရင်…”

သို့တိုင် Long Feiye  မှစကားမဆုံးခင် Chu Tianyin  မှာ ထိတ်လန့်တကြား ဖြတ်ပြောလိုက်သည်။ “Long Feiye.. တကယ်လို့ မင်းက ညှိနှိုင်းဖို့ဆိုရင် ကွေ့ပတ်နေမယ့်အစား လိုရင်းကို မြန်မြန်ပြော။"

Han Yunxi မှာ ထိုစကားများကြောင့် မသက်မသာ ခံစားလိုက်ရတော့သည်။ Long Feiye  တွင် စိတ်ရှည်သည်းခံမှုဆိုသော အရာ ရှားပါးလှသဖြင့် ကမ္ဘာတွင် ကွေ့ပတ်နေမည့်သူ မဖြစ်နိုင်ဆုံးပေ။ Chu Tianyin က ကွေ့ပတ်ပြီး မေးခွန်းကို ရှောင်နေတာ ဟုတ်ပြီလား။

သူမက ပြန်ပက်ရန် ပြင်လိုက်စဥ် မပျော်မရွှင်ဖြစ်နေသည့် Tang Li မှာ ရယ်မောလိုက်သည်။ " Chu Tianyin.. လိုရင်းပြောရမယ်။ ချင်ဝမ်က မင်းကို စစ်မေးနေတာ.. စကားစမြည်ပြောနေတာ မဟုတ်ဘူး။ သူက နည်းနည်းလောက် အပိုပြောတာနဲ့ မင်းက အဲ့ဒီလို ထင်မနေနဲ့။”

Chu Tianyin မှာ အမှန်ပင် ခေါင်းခွံထူခြင်းလား သို့မဟုတ်  အရေထူခြင်းလား မသဲကွဲပေ။ အနေခက်မည့်အစား သူက ပြောလိုက်သည်။ “Long Feiye.. ငါ့ကို လွှတ်ပေးဖို့ ဘာလုပ်ရမှာလဲ။ မင်းက ဆန္ဒရှိတာပြော။"

သူက ရှင်းရှင်းလင်းလင်းပင် မြင့်မြတ်သောမိသားစုခုနစ်စုမှ ခေါင်းစဥ် ပြောင်းရန် ကြိုးစားနေသော်လည်း Long Feiye  မှာ လမ်းလွဲမသွားပေ။ သူက Chu Tianyin  အား စေ့စပ်စွာ ကြည့်လိုက်ပြီး သူက ဖမ်းဆီးထားသမျှ သူများထဲတွင် ခေါင်းအအေးဆုံးသူ ဖြစ်နိုင်ကြောင်း တွေ့ရှိသွားသည်။ သို့တိုင် အဆုံးတွင် အကျဥ်းသားမှာ အကျဥ်းသားပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now