အခန်း(၅၁၃)

1.1K 103 20
                                        

အခန်း(၅၁၃)

လာမှာလား ဒါမှမဟုတ် မလာဘူးလား။








ရေပူစမ်းထဲရှိ ပုံရိပ်မှာ နိုးလာကာ အကျောဆန့်လိုက်လျှင် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်မောင်းများမှာ ထွက်ပေါ်လာပြီး Long Feiye  မှာ မြင်ကွင်းကြောင့် ဖော်မပြနိုင်အောင် ဆွဲဆောင်ခံလိုက်ရတော့သည်။ သူမက ရေအိုင်ထဲမှ ပွင့်လန်းလာသော ခေါက်ရမ်းပန်းလေးကဲ့သို့ ရေပူစမ်းမှ ပျင်းရိစွာထလာပြီး လျင်မြန်စွာ သူမကိုယ်သူမ ဖုံးကွယ်လိုက်သည်။ သူမက အလွန်လျင်မြန်စွာ ဝတ်စားလိုက်သော်လည်း Long Feiye ၏ မျက်လုံးများမှာ ပို၍ လျင်မြန်လေသည်။ ကြီးစိုးတတ်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ပင် ၎င်းတို့က သားကောင်အား အာရုံစိုက်ထားကာ သူမ၏ ရုပ်သွင်အား စက္ကန့်ပိုင်းပင် လွတ်သွားရန် ဆန္ဒမရှိပဲ ပြောင်ပြောင်တင်းတင်း ဆန်းစစ်နေသည်။ထိုကဲ့သို့ ကျွမ်းဝင်သော လှုပ်ရှားမှုတွင်ပင် သူက နှလုံးခုန်မြန်လာခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း မရှိပဲ သူမအပေါ်တွင်သာ အာရုံစူးစိုက်နေသည်။

ဆိုတော့… အရှင့်သားချင်ဝမ်မှာလည်း လူကြီးလူကောင်း နည်းနည်းလေးမှ မဆန်တဲ့ အချိန်ရှိသေးတယ်ပေါ့….

တစ်နေ့ သူက ထိန်းချုပ်မှုလွတ်သွားရင် ဘာဖြစ်သွားမလဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။ အဲ့ဒီအချိန်ရောက်လာရင် သူက ဘယ်လောက်တောင် ဆိုးသွမ်းလိမ့်မလဲ။

မည်သို့ပင်ဖြစ်စေ ညစဥ်ဆက်တိုက် Long Feiye  မှာ Han Yunxi ၏ အသွင်အပြင်အား စေ့စပ်စွာ လေ့လာနေလေသည်။ သူ၏ ပါးနပ်လိမ္မာသော ဇနီးလေးမှာ သူက ဘာလုပ်နေမှန်း မသိခဲ့ပဲ တောင်ဘက်နင်စီရင်စုရှိ ချင်ဝမ်အိမ်တော် အနောက်ဘက်တွင် ရေပူစမ်းဆောက်လုပ်ရန် စိတ်ကူးနေသည်။ သူမက ဤသို့ သက်တောင့်သက်သာရှိနေမှုအား နေသားကျနေသည်။ အကယ်၍ အနာဂါတ်တွင် ဤညများ၏ အမှန်တရားအား သူမက ရှာတွေ့သွားလျှင် မည်သို့ စဥ်းစားမည်လဲ ဆိုခြင်းအား မည်သူက သိနိုင်မည်နည်း။ အသေအချာပင် Long Feiye  မှာ သူမအား ပြောပြပေးမည်လော။

အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မကြာခင် Mu Linger နှင့်  Gu Qi Sha  တို့၏ တိုက်ပွဲ အကြိုနေ့ ခြောက်ရက်မြောက်နေ့ရောက်လာသည်။ ကံမကောင်းစွာဖြင့် မည်သူမျှ ဆေးမိစ္ဆာ မှာ ဆေးနတ်ဆိုးဆေးပေးခန်းတွင် ရှိနေသည်ဟူသော သတင်းအား မကြားရပေ။ သူက မလာဖို့ စိတ်ကူးနေတာ ဖြစ်နိုင်လား။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now