အခန်း(၄၇၅)

1.1K 110 27
                                        

အခန်း(၄၇၅)

ရွဲ့စောင်းသော အပြုအမူ။ ငိုချင်သော်လည်း မျက်ရည်မရှိ။





Mu Linger  မှာ Han Yunxi  မှ သူမအား ကယ်ပေးခဲ့သောကြောင့် မူလတွင် အနေခက်စွာ ခံစားရသော်လည်း ထိုအမျိုးသမီး၏ စကားများမှာ သူမအား အရှက်ရစေသဖြင့် ဒေါသထွက်လာတော့သည်။ “ဘယ်သူက ငါ့ကို ကယ်ပေးဖို့ ပြောလို့လဲ။ စွက်ဖက်နေတာ…”

Han Yunxi  မှာ သူမနှင့် ရပ်ကာ ငြင်းခုန်ရန် အလွန် အလုပ်များနေသော်လည်း Mu Linger  မှာ နောက်တစ်ကြိမ် သူမ၏ မြင်းလှည်းရှေ့သို့ ပြေးလာကာ လမ်းပိတ်လာပြန်သည်။ Gu Qi Sha  မှာ တိတ်ဆိတ်စွာဖြင့် ပစ်လွှတ်ရန် အခွင့်အရေးမရသော သူ၏ လက်ထဲရှိ လက်နက်ပုန်းအား ပိန်လှီသော အရိုးပေါ် အရေတင်လက်ချောင်းများဖြင့် ဆော့ကစားနေသည်။ သူက ထွက်ခွာရန် အလျင်လို နေသည့်ဟန် မတူပေ။

သို့တိုင် Long Feiye ၏ စိတ်ရှည်မှုမှာ ကန့်သတ်ချက် ရှိနေသည်။ သူက လှည်းမောင်းသမားအား ခက်ထန်စွာ မေးလိုက်သည်။ “ဘာလို့ ရပ်နေသေးတာလဲ။”

Mu Linger  မှာ သူ၏ အသံမှ ဒေါသအား ရှင်းလင်းစွာ ကြားနိုင်သော်လည်း သူမ၏ စိတ်ပျက်လက်ပျက် ဖြစ်နေမှုမှာ ကြောက်ရွံ့မှုအား အနိုင်ယူသွားစေသည်။ “နေဦး…Han Yunxi.. ငါက နင့်ကို မေးစရာတစ်ခု ရှိတယ်။”

“ငါမင်းကို နောက်ဆုံးတစ်ကြိမ် ပြောမယ်။ ဆွံ့အအဘွားကို ပိတ်ထားကာ ငါတို့ မဟုတ်ဘူး။” နောက်ဆုံးတွင်  Han Yunxi  မှာ ဒေါသထွက်လာတော့သည်။

သို့တိုင် Mu Linger မှာ သူမအား အချိန်ကြာမြင့်စွာ ကြည့်နေပြီး ဖျော့တော့စွာ မေးလိုက်သည်။ “ငါ့ရဲ့ ချီကိုကိုက ဘယ်သွားလဲဆိုတာ နင်သိလား။"

သူမက တည်းခိုခန်းခ ထပ်မံ ပေးချေရန် မတတ်နိုင်တော့သဖြင့် ဒေသခံ ဆေးပေးခန်းများတွင် ဆေးပင်များ ရောင်းချနိုင်ရန် တောင်ပေါ်တွင် ဆေးပင် လာရှာခဲ့သည်။ ထိုအစား သူမက ဓါးပြများဖြင့် ပက်ပင်း တိုးမိလေသည်။ တောထဲတွင် ဆေးပင်များစွာ ရှိနေသော်လည်း အားလုံးမှာ ငွေကြေးတန်ဖိုး မရှိပေ။ ခြင်းတောင်းတစ်တောင်း အပြည့်ဖြင့်လျှင် သူမက ထျန်းနင် ဈေးအကြီးဆုံး အဆောက်အအုံတွင် နေရန် ဆုံးဖြတ်ထားသဖြင့် အခန်းခတစ်ဝက်ပင် မပေးနိုင်ချေ။  ထို့အပြင် ယမန့်နေ့နှင့် တစ်နေ့က ဖခင်ဖြစ်သူထံမှ စာနှစ်စောင် လက်ခံရခဲ့ကာ သူမအား အိမ်ပြန်လာရန် တိုက်တွန်းချက်များဖြင့် ပြည့်နေသည်။  အကယ်၍ ချီကိုကိုမှ ပေါ်မလာလျှင် သူမက ထပ်မံ၍ ဘာလုပ်ရမည်မှန်း မသိတော့ပေ။  သူမက မိသားစုအား စွန့်ခွာကာ လောကတစ်ခွင် လှည့်လည်ရန် ဆုံးဖြတ်ထားသော်လည်း သူမ၏ အဖော်ဖြစ်ရမည့်သူမှာ မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now