အခန်း(၄၃၉)

933 110 26
                                    

အခန်း(၄၃၉)

သူ့ကို ရှုံးတာ မျက်နှာ အကြီးအကျယ်ပျက်ရတယ်။






Jun Yixie ကိုကယ်သွားပြီ။

“မြူဆိုင်းလာတဲ့ ညမှာပဲ။” Long Feiye မှာ စာအား Han Yunxi ထံ ပေးလိုက်သည်။ သူမက ဖတ်ရှုကြည့်ပြီးနောက် အမူအရာမှာ လေးလံသွားတော့သည်။

“ဝမ်ရယ်.. သူ့ကို ကယ်သွားတာ အရမ်းအဆင့်မြင့်တဲ့ အဆိပ်ပညာရှင်ပဲ ဖြစ်ရမယ်။ ကြည့်ရတာ ကျွန်မက သူတို့ကို ယှဥ်နိုင်ပါ့မလား မသိဘူး။”

သဘာဝကျစွာပင် Long Feiye မှာ တရားခံမှ အဆင့်မြင့်ပညာရှင်ဖြစ်မည်မှန်း သိထားသော်လည်း Han Yunxi ၏ စကားများမှာ သူ့အား အံ့အားသင့်စေသည်။ သူ၏ အသိပညာအရ တိမ်တိုက်ကုန်းမြေတွင် သူ၏ ဘေးရှိ အမျိုးသမီးမှာ အဆိပ်ပညာတွင် အလွန်ထူးချွန်လှသူ ဖြစ်သည်။

“အဲ့ဒီလို အဆိပ်မျိုးကို ဘယ်သူမဆို ထိန်းချုပ်နိုင်တာမဟုတ်ဘူး။" Han Yunxi မှာ တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက ပထမစာ ဖတ်လိုက်စဥ် Jun Yixie မှာ နေရာတွင် အဆိပ်မြူများရှိနေလျှင်တောင်မှ ထွက်ပြေးရန် အခွင့်အရေးမရှိဟု ယူဆခဲ့သည်။ အကြောင်းမှာ ငါးဖမ်းကျွန်း၏ သဘာဝအခြေအနေများအရ မြူများမှာ ကြာရှည်စွာ ဆိုင်းနေရန် မဖြစ်နိုင်ပေ။ ထိုကဲ့သို့ မြူတစ်အုပ်လုံးအား ထိန်းချုပ်ထားရန်မှာ ပို၍ မဖြစ်နိုင်ပေ။ ပိုင်လီရေတပ်ကဲ့သို့ တပ်စုကြီးမှာ ထိုမြူအား ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမက ယူဆခဲ့သော်လည်း Jun Yixie မှာ ထိုညတွင်ပင် ခေါ်ထုတ်သွားခြင်း ခံရသည်။ သူမကိုယ်တိုင်ကဲ့သို့ အဆိပ်သခင်ပင်လျှင် ထိုကဲ့သို့ မြူအား လူမည်မျှ ထိန်းချုပ်မည်လဲဆိုသည်အား မသိနိုင်ပေ။ အဲ့ဒီလူက ဘယ်သူလဲ။

ဆွေးနွေးမှုတစ်ခုလုံးတွင် Long Feiye ၏ အမူအရာမှာ သုန်မှုန်နေသည်။ ငါးဖမ်းကျွန်း၏ တားမြစ်ချက်ကြောင့်သာမဟုတ်လျှင်  သူက အချိန်ကုန် လူအပင်ပန်းခံမည့်အစား ကြာမြင့်စွာကပင် Jun Yixie အား သတ်ခဲ့လိမ့်မည်။ သုံးလမှာ Jun Yixie အား သေသည်အထိ ပိတ်ထားနိုင်ရန် ယူဆခဲ့သော်လည်း ထိုသို့ တစ်စုံတစ်ရာမှာ ဖြစ်ပေါ်လာသည်။ ခြံဝန်းထဲတွင် ရှေ့လျှောက်နောက်လျှောက်လုပ်နေပြီးနောက် Long Feiye မှာ ဒေါသမထိန်းနိုင်တော့ပဲ အနီးရှိ နံရံအား လက်သီးဖြင့် ထိုးလိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now