အခန်း(၅၄၅)

550 75 14
                                    

အခန်း(၅၄၅)

ပေယွဲ့၏ ချစ်မြတ်နိုးသော နည်းလမ်းများ။





Gu Beiyue ၏ လျှို့ဝှက်စွာ သဘောကျနေမှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူက စကားပြောဆိုရာတွင် တည်ငြိမ်နေဆဲဖြစ်သည်။ “ဒီလူက မြင်ရသလောက် လေးစားရတဲ့ဝမ်ဖေးက လုံခြုံမှုရှိပါတယ်။ ရုတ်တရက် သတိလစ်သွားရတာက အလုပ်အလွန်အကျွံလုပ်ပြီး နှလုံးကိုဖိစီးစေလို့ပါ။ လေးစားရတဲ့ဝမ်ဖေးကို စိတ်အေးလက်အေးထားဖို့ ကျွန်တော်က ပြောပါရစေ။"

Long Feiye မှာ ခေါင်းငြိမ့်ပြလာသော တတိယအကြီးအမှူး Shen အား ကြည့်လိုက်သည်။ သူက ဆေးစစ်ချက်အား သဘောတူကာ ထပ်မံပြောစရာမရှိတော့ပေ။ သို့တိုင် ၎င်းမှာ Long Feiye ၏ ပူပန်မှုအား မဖြေဖျောက်နိုင်ပေ။ “ဒီအရှင်က အလွန်အကျွံပင်ပန်းပြီး အချိန်အကြာကြီး သတိလစ်နေတာကို မကြားဖူးဘူး။"

“အရှင့်သား ဒီလူက ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ပြောပြီးပါပြီ။ စိုးရိမ်ပူပန်နေတာက စိတ်ကို တအား သက်ရောက်မှုရှိပါတယ်။ လေးစားရတဲ့ဝမ်ဖေးရဲ့ကိုမာက အထူးဖြစ်ရပ်ဆိုပေမယ့် အအိပ်များတဲ့ လူတွေရဲ့မှတ်တမ်းက အမှန်ကို ရှိနေပါတယ်။ ကျွန်တော်တို့က ဒါကို အိပ်မပျော်နိုင်တဲ့ရောဂါတစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။” Gu Beiyue မှာ ရှင်းပြလိုက်သည်။

ထိုသည်အား ကြားလျှင် တတိယအကြီးအမှူး Shen မှာ စဥ်းစားမိသွားတော့သည်။ “ဒီအဘိုးကြီးက မှတ်မိပြီ။ဘာလက္ခဏာမှ မပြပဲ တစ်နှစ်လုံးအိပ်ပျော်သွားတဲ့ အိပ်စက်မှုရောဂါနဲ့လူနာရှိခဲ့ဖူးတယ်။ လေးစားရတဲ့ဝမ်ဖေးရဲ့ကိစ္စက မတူဘူးဆိုပေမယ့် တစ်ချို့တစ်လေတော့ တူနေတုန်းပဲ။"

ချင်ဝမ်မှာ ထိုကဲ့သို့ကြောက်မက်ဖွယ် ဆေးစစ်ချက်အား မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပဲ သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဆုတ်သွားတော့သည်။ “သူမက အဲ့ဒီလို ထူးဆန်းတဲ့ရောဂါရနေတာတော့ မဟုတ်ဘူးမလား။” သူက အလောတကြီး မေးလိုက်သည်။

“အခုလက်ရှိမှာတော့ မတူပါဘူး။ ဒါပေမယ့် အဲ့ဒီလက္ခဏာတွေအဖြစ်ပြောင်းလဲလာမလားဆိုတာ ပြောဖို့ခက်ပါတယ်။" တတိယအကြီးအမှူး Shen မှာ ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now