အခန်း(၅၉၃)

878 84 4
                                        

အခန်း(၅၉၃)

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ပူးပေါင်းထားတယ်။






သခင်မ Lianxin ၏ အသံမှာ နိမ့်ကျကာ ပရောပရည် ဖြစ်နေသည်။ “ခေါင်းဆောင်အကြီးအမှူးLing .. အဲ့တာ ဝမ်မျိုးနွယ်က ဖြန့်ထားတဲ့ ကောလဟာလတွေပဲ ဖြစ်ရမယ်။ ဆေးနတ်ဆိုးဆေးပေးခန်းနဲ့ ပူးပေါင်းဖို့အတွက် သူတို့က တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုနဲ့ တမင် စာချုပ်ဖျက်လိုက်တာပဲ။ အခုသူတို့က သူများကို စွပ်စွဲနေတယ်။ ဟမ့်.. သူတို့က ဆေးနတ်ဆိုးဆေးပေးခန်းကနေ အကျိုးအမြတ်ရထားလိမ့်မယ်။”

သခင်မ Lianxin မှာ မူမျိုးနွယ်၏ အကျိုးအတွက် စဥ်းစားနေခြင်း မရပ်တန့်ခဲ့ပေ။ သူတို့က နောက်တစ်ကြိမ် မြင့်တက်လာနိုင်ရန် လက်ရှိ ဆေးဝါးမြို့တော် ဘိုးဘေးကောင်စီ၌ သူတို့၏ အာဏာမှာ ယုတ်လျော့သွားရသဖြင့် ဝမ်မျိုးနွယ်မှ မြို့တော်အား အုပ်ချုပ်ရန် ကိရိယာတစ်ခုထက် မပိုပေ။ သူက ခေါင်းဆောင်အကြီးအမှူး Ling  အား တတ်နိုင်သမျှ အရိပ်အမြွက်ပေးနေသော်လည်း နောက်ခံမရှိတော့သော အမျိုးသမီးတစ်ယောက်အနေဖြင့် လက်ကျန်တစ်ဘဝလုံးတွင် ကိစ္စများအား တီးတိုးပြောကာ ရလဒ်အားစောင့်နေရန်သာ တတ်နိုင်လေသည်။

ခေါင်းဆောင်အကြီးအမှူးLingမှာ သခင်မ Lianxin ၏လက်အား တိတ်တဆိတ် ဖယ်ရှားကာ Chu Qingge ထံ လုံးလုံးလျားလျား အာရုံစိုက်နေသည်— သို့မဟုတ် ပို၍ အတိအကျဆိုရလျှင် သူမလက်ထဲတွင် ချီထားသော ကလေးငယ်ပင်။ အချိန်စောမီးဖွားပေးရန်နှင့် ပထမလတွင် ကလေးအား ပြုစုစောင့်ရှောက်ရန် သဘောတူခဲ့ခြင်းအတွက် သူက ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေသည်။ Chu Qingge မှာ ကံဆိုးမိုးမှောင်ကျကာ အချိန်စော ကလေး မွေးဖွားခဲ့ကြောင်း ကမ္ဘာတစ်ဝှမ်းလုံးကို ပြောထားသည်။ကံကောင်းထောက်မစွာဖြင့် သူမနှင့် ကလေးနှစ်ယောက်လုံးအား ကယ်တင်ရန် အမည်မဲ့ နတ်ဆေးသမားတော်တစ်ယောက်မှာ ရောက်လာခဲ့သည်။ ထိုသို့ဖြင့် ခေါင်းဆောင်အကြီးအမှူး Ling နှင့် သခင်မ Lianxin တို့မှာ ဟိုဟိုဒီဒီ လျှောက်သွားရန်အတွက် သင့်တော်သော အကြောင်းပြချက်တစ်ခုရှိနေသည်။ မလိုအပ်သော အာရုံစိုက်ခံရမှုအား ရှောင်ရှားရန်အတွက်သာ သူတို့က ရုပ်ဖျက်ထားခဲ့လေသည်။ ကလေးအား နေ့စဥ် ဂရုတစိုက် ကြည့်ရှုပြီးလျှင် သူက အစီရင်ခံစာများအား ဆေးပညာသင်တန်းကျောင်းသို့ ပို့ပေးရသည်။ သင်တန်းကျောင်းကျောင်းအုပ်မှာ သုတေသနပြုလုပ်နေစဉ်အတွင်း သူတို့၏လူနာအခြေအနေနှင့်ပတ်သက်သော သတင်းများ လိုအပ်နေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now