WARNING
-------------------
ကလေးသူငယ် ညှင်းပန်းမှု ပါဝင်နေသဖြင့် အချို့စာဖတ်သူများအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။
-------------------
အခန်း(၅၅၉)ချီကလေးရဲ့ သန်းခေါင်ယံ အိပ်မက်(၂)
အသက်ခြောက်နှစ်အရွယ် ချီကလေးမှာ ခေါင်းဆောင်အကြီးအမှူး Ling မှ ဆေးပညာသင်တန်းကျောင်းသို့ ခေါ်ဆောင်ပြီးနောက် သူ့ဘဝတွင် ယခင်ကထက် လူများစွာအား ပိုမိုတွေ့မြင်ခဲ့ရသည်။ ကမ္ဘာကြီးက ဒီလောက် ကျယ်လောင် ပြီး တစ်နေ့လုံး မပြုံး နိုင်ဘူးဆိုတာ သူဘယ်တုန်းကမှ မသိခဲ့ဘူး။ ပထမညတွင် သူက ဆေးများပြည့်နေသည့် ပန်းကန်လုံးအား သောက်ရပြီး အိပ်ရာမဝင်ခင် ဗိုက်များ တဆတ်ဆတ်တုန်နေခဲ့သည်။ သူက ခေါင်းဆောင်အကြီးအမှူး Ling ၏ တံခါးကို ခေါက်ရန် သွားခဲ့ လိုက်လေသည်။
"ခေါင်းဆောင်အကြီးအမှူး Ling၊ ချီကလေး ဗိုက်ဆာနေပြီ..."
“မင်းငါ့ကို အဖေ လို့ ခေါ်ရမယ်။” ခေါင်းဆောင်အကြီးအမှူး Ling မှာ တစ်ဖက်မှအော်ရင်း တံခါးအား မဖွင့်ချေ။။
ချီကလေးမှာ က စိတ်မပါသော်လည်း လျစ်လျူရှုကာ ပြောဆိုလိုက်သည်။ “ကျွန်တော် ဗိုက်ဆာတယ်... တကယ်ဗိုက်ဆာတယ်။”
ခေါင်းဆောင်အကြီးအမှူးLing မှာ သူ၏ လျစ်လျူရှုမှုကြောင့် စိတ်ဆိုးသွားပြီး ချက်ခြင်း အကြောင်းမပြန်လျှင် ချီကလေးမှာ ထပ်မံ တံခါး ခေါက်လိုက်သည်။ "ကျွန်တော်ဗိုက်ဆာနေတယ်။"
"ချီကလေး.. လိမ်မာနေ။ မင်းအိပ်ပျော်သွားရင် ဗိုက်ဆာတော့မှာ မဟုတ်ဘူး။" ခေါင်းဆောင်အကြီးအမှူး Ling မှာ ဒေါသမထွက်ပဲ လှုပ်ရှားမှုနေသည်။
“အိပ်ဖို့ အရမ်းဗိုက်ဆာနေတယ်။” ချီကလေးမှာ သနားစဖွယ် ပြောလိုက်သည်။
"ဒါဆို ရေနည်းနည်းသောက်လိုက်။ မင်းအဖေက မင်းကို ပုံမှန်အစားအစာတွေ မစားရဘူးလို့ပြောထားတယ်။" ခေါင်းဆောင်အကြီးအမှူး Ling မှ ပြန်ဖြေလိုက်သည်။
ချီကလေးမှာ စကား ပြောနေခြင်း ရပ်တန့်လိုက်တော့သည်။မီးများတောက်ပစွာ ထွန်းညှိထားသော ဆေးပညာသင်တန်းကျောင်းသို့ လှမ်းကြည့်လိုက်ကာ သူ၏ မှောင်မိုက်သော သက်ကယ်အိမ်လေးအား ရုတ်တရက် သတိရသွားသည်။ သူက ထွက်သွားရန် ပြင်လိုက်စဥ် ခေါင်းဆောင် အကြီးအမှူး Ling မှ တိုးညင်းစွာ ပြောလိုက်သည်။ “တကယ်လို့ မင်းက အစားအသောက်ခိုးစားဖို့ သတ္တိရှိရင် မင်းအဖေကို ဘယ်တော့မှ မတွေ့ရတော့ဘူး။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...