အခန်း(၄၇၁)

774 95 19
                                    

အခန်း(၄၇၁)

အဖြူဝတ် လူကြီးမင်းမှ စက်ဆုတ်သော အရာ။





လရောင်မှာ နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံပေါ်သို့ အိပ်မက် အလင်းတန်းများကဲ့သို့ လွှမ်းခြုံထားသည်။ သန့်စင်ကြည်လင်သော အရောင်အဝါဖြင့် အဖြူဝတ်အမျိုးသားမှာ သပ်ရပ်စင်ကြယ်ကာ သေမျိုးတို့၏ အာရုံထားမှုမှ ဝေးကွာနေသည်။ သူ၏ မျက်လုံးများမှာ တည်ငြိမ်ကာ ထာဝစဥ် ညင်သာသော အငွေ့အသက်များ ပေးစွမ်းနိုင်သည်။ သို့တိုင် သူက ချင်ဝမ်အိမ်တော်၏ ဦးတည်ချက်သို့ ကြည့်နေပြီး မျက်ဆံများတွင် စိတ်မကောင်းမှုများ ဖြတ်သွားတော့သည်။

သူက ခေါင်မိုးပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီး အိမ်တော်မှာ ပုံမှန်အတိုင်း ပြန်၍ တိတ်ဆိတ်သွားကာ မသွားနိုင် ဖြစ်နေသည်။ သူက ရိုးရှင်းစွာဖြင့် အတွေးထဲတွင် နစ်မြှုပ်နေခြင်း ဖြစ်နိုင်သည်။ သူက ဆက်၍ နေလိုခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူက ထွက်သွားရန် မေ့လျော့နေဟန်တူသည်။ သူက အနီးအနားမှ လှုပ်ရှားမှုအား ခံစားမိချိန်--- ချင်ဝမ်၏ အစောင့်အကြပ်များမှာ ညကင်းလှည့်ချိန်မှ ညင်သာစွာ သက်ပြင်းချကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ယို့မျိုးနွယ်က ချင်ဝမ်အိမ်တော်ကို လမ်းကြောင်း ရှာတွေ့သွားပြီဆိုတော့ ငါက နှစ်ပေါင်းမနဲ မတွေ့ဖြစ်တဲ့ မိတ်ဆွေကို သွားတွေ့ဖို့ အချိန်ရောက်လာပြီပဲ။

မြို့တော်၏ ညဘက်မှာ တိတ်ဆိတ်နေသည်။ အဖြူဝတ်အမျိုးသားမှာ လမ်းများရှိ အရိပ်ထဲတွင် Su Xiaoyu မှ သွားခဲ့သည့် တူညီသော လမ်းကြောင်းအတိုင်း သွားနေသည်။ လမ်းကြားရှိ သီးသန့် အဆောက်အအုံမှာ ထျန်းနင်မြို့တော်ရှိ Chu Tianyin  ၏ လျှို့ဝှက်ဌာနပင် ဖြစ်သည်။ လက်ရှိတွင် ထိုအမျိုးသားမှာ နိုးနေဆဲဖြစ်ကာ လက်ရာမြောက်စွာ ပြုလုပ်ထားသော  လေးဖြင့် ခြံဝန်းထဲတွင် ဆော့ကစားနေသည်။

“နောက်ကျနေပြီ .. မင်းက အနားမယူသေးဘူး။ ကြည့်ရတာ ကျွန်တော်က မင်းကို နှောင့်ယှက်မိတာ မဟုတ်ဘူးပဲ။”  အဖြူဝတ်အမျိုးသား၏ အသံမှာ Chu Tianyin  ထံ အရင်ရောက်သွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now