အခန်း(၅၁၅)

697 82 3
                                    

အခန်း(၅၁၅)

သူမအား ဖမ်းမိရန် ပြီးပြည့်စုံသောမျှတမှု။







သူမ၏ စကားများကြောင့် လူအုပ်ထဲမှ မယုံကြည့်နိုင်သော အော်ဟစ်သံများ ထွက်လာသည်။ ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ သဘောတူညီမှုလဲ။ အဲ့တာက မူမျိုးနွယ်နဲ့ ဆေးဝါးမြို့တော်တစ်ခုလုံးကို သစ္စာဖောက်တာနဲ့ တူမနေဘူးလား။ ဒါတောင် ဒီကောင်မလေးက သူတို့နဲ့ သဘောတူလိုက်သေးတယ်။

မှားစရာ မရှိဘူး။ သူမက အရမ်း ယုံကြည်မှု ရှိနေတာ အစစ်အမှန် စွမ်းရည်ရှိတာ ဖြစ်ရမယ်။

Mu Linger အား အထင်သေးခဲ့သော လူများမှာပင် သူမ၏ စကားများကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ဒီည ဆေးပညာအသိုင်းအဝိုင်းမှာ အံ့ဖွယ်ဖြစ်သွားတာကို ငါတို့က မြင်ရတော့မှာလား။ Mu Linger  က Gu Qi Sha ကို အနိုင်ယူနိုင်မှာလား။

ထိုစဥ် Mu Yingdong  မှာ အလွန်စိတ်ဆိုးဒေါသထွက်နေရသဖြင့် နဖူးမှ သွေးကြောများပင် ထောင်နေသည်။ သူကလည်း လူအုပ်ထဲတွင် ရပ်နေသည်။ Mu Linger  မှာ မည်သို့ အကွက်ရွေ့နေမှန်း သူက မသိပေ။ သို့တိုင် နေရာရှိ ပူးပေါင်းကြံစည်မှုများအား ခံစားရနေသည်။ Han Yunxi  မှာ သူ၏ မူမျိုးနွယ်၏ အခြေခံအုတ်မြစ်အား ရည်ရွယ်နေသည်။

စက်ဆုတ်ဖို့ ကောင်းလိုက်တာ….

သူက ဒေါသထွက်နေသည့်တိုင် တည်ငြိမ်ကာ မတုန်မလှုပ်ရှိနေသည်။  Mu Yingdong  မှာ သူ၏ ရှေ့တွင် ရပ်နေသော အကြီးအမှူးရှဲ့အား ကြည့်နေသည်။ ကောက်ကျစ်သော အတွေးများမှ သူ၏ မျက်လုံးထဲတွင် ပေါ်လာပြီးနောက် ဒေါသများအား မေ့သွားတော့သည်။

“ဒါဆိုရင် ကျေးဇူးပြုပြီး စကြပါတော့။"  Han Yunxi  မှာ အပြုံးဖြင့် ပြောလိုက်သည်။

ထိုခဏတွင် မျက်လုံး ရာပေါင်းများစွာမှာ နှစ်ယောက်ထံတွင် အာရုံစိုက်နေကြပြီး အကုန်လုံးမှာ မျှော်လင့်ကာ စိတ်အားထက်သန်နေကြသည်။ ဆေးဖော်စပ်မှု ပြိုင်ပွဲက စတင်တော့မယ်။

Gu Qi Sha  ၏ ပိန်လှီသော အရိုးပေါ်အရေတင် လက်များအား သူတို့က မြင်လိုက်ရစဥ်  Mu Linger  မှာ အင်္ကျီလက်အား လိပ်တင်လိုက်သည်။ လူတိုင်းမှာ တင်းကျပ်သော လေထုအောက်တွင် တိတ်ဆိတ်နေကြသော်လည်း အကြည့်မှာ ပြိုင်ပွဲဝင်များ၏ လှုပ်ရှားမှုတိုင်းတွင်သာ ရှိနေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now