အခန်း( ၄၄၉)

1.3K 136 18
                                        

အခန်း( ၄၄၉)

ပျော်ရွှင်မှုဖြင့် စပ်လျဥ်း၍။






ဆွံ့အအဘွားမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး သူမ၏ ဘဝတွင် မူအိမ်တော်၌ မုန်တိုင်းများစွာ တွေ့ကြုံဖူးခဲ့သည်။ ထိူလူငယ်၏ အပြုအမူနှင့် အရှိန်အဝါမှာ သာမာန်မဟုတ်သော အလွန်ထူးခြားသည့် အဆင့်အတန်းမှ မွေးဖွားလာခြင်းမှန်း သူမက ပြောနိုင်သည်။ သူမက သတိလစ်နေခဲ့သောကြောင့် ထိုညတွင် မူအိမ်တော်၌ ဘာဖြစ်ခဲ့မှန်း သို့မဟုတ် ထိုအမျိုးသား၏ လက်ထဲတွင် Mu Xin ၏ ပုံတူမှာ မည်သို့ ရောက်နေမှန်း မသိနိုင်ချေ။ သူက Mu Xin ရဲ့ သမီးလေးနဲ့ ဆက်ဆံရေးရှိနေတာလား။ အဲ့တာဆို ဘယ်လို ဆက်ဆံရေးမျိုးလဲ။ သို့တိုင် အနည်းဆုံးတော့ သူမက သူ့ထံမှ မကောင်းသော အငွေ့အသက်များ မခံစားမိပေ။

သူက သူမအား ပြန်ပေးဆွဲထားခြင်းမှာ Mu Xin ၏ လျှို့ဝှက်ချက်မှ အမှန်တရားအား သိချင်နေသည့် အချက်ကြောင့် ဖြစ်နိုင်သည်။ သို့တိုင် သူမက ဆွံအနားမကြားဖြစ်နေကာ စာလုံးအနည်းငယ်သာ သိလေသည်။ ထိုလူငယ်လေးမှာ သူမအတွက် လှည့်ကွက်များ ကုန်ဆုံးသွားသင့်သည်။ သူက ဒီနေ့ ဘာလို့ ရောက်လာတာလဲ။ ဆွံ့အအဘွားမှာ Long Feiye ၏ ရှေ့တွင် သက်တောင့်သက်သာ ထိုင်လိုက်သည်။

တောင်ဘက်နင်စီရင်စုမှာကဲ့သို့ပင် Long Feiye မှာ ဆွံ့အအဘွားအတွက် ယဥ်ကျေးစွာ လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး သူမထံ တွန်းပေးလိုက်သည်။ သူက ထိုကဲ့သို့ ယဥ်ကျေးမှု သို့မဟုတ် အပြုအမူအား တခြား အကြီးအကဲများ မဆိုထားနှင့် အဒေါ်ရူနှင့် Tang Zijin အပေါ်တွင်ပင် ပြသခြင်း မရှိခဲ့ပေ။ ဆွံ့အအဘွားမှာ ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းငြိမ့်က  လက်ဖက်ရည်ခွက်အား ယူကာ သောက်လိုက်သည်။ သူမက အရသာနှင့် ပတ်သက်၍ ထူး​ခြားနေသည်အား မတွေ့ချေ။

ဆွံ့အအဘွားမှ တစ်ခွက်လုံး ကုန်သွားသည်အထိ Long Feiye မှာ တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများမှာ မည်သည့်အရာမှ ဖော်ပြထားခြင်း မရှိချေ။ သူက ဤလျှို့ဝှက်ချက်အား အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ပြီး အမှန်တရား၏  ရှုပ်ထွေးနိုင်မှုကြောင့် နေ့ရောညပါ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သော်လည်း ယခုတွင် ထူးခြားစွာ တည်ငြိမ်နေသည်။ သူ၏ နှလုံးသားမှာ ကြာမြင့်စွာကပင် ကောက်ချက်ချပြီး ဖြစ်နိုင်သည်။ ယခုအချိန်တွင် အချက်အလက်များအား အတည်ပြုကာ သူက ပြုလုပ်ခဲ့ပြီး ဖြစ်သော ရွေးချယ်မှုအား ပို၍ ခိုင်မာ စေရန်သာဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now