အခန်း(၅၃၀)

597 66 0
                                    

အခန်း(၅၃၀)

ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှ မထင်မှတ်ထားသော အခြေအနေများ






နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့သမျှများအား ထုတ်ဖော်ပြသလိုက်ခြင်းအားဖြင့် ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ Jun Yixie အား လုံးလုံးလျားလျား ရန်စလိုက်သည်။
Han Yunxi မှာ သိသိသာသာ အံ့အားသင့်သွားသော်လည်း ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ ဆေးမြို့တော်မှ မြင်ရန်အတွက် Jun Yixie အား စော်ကားနေခြင်း ဖြစ်ကြောင်း လျင်မြန်စွာ နားလည်လိုက်သည်။ အဆိပ်တစ်ရာဂိုဏ်း နှင့် မြောက်ပိုင်းလီအား မနှစ်သက်ခြင်းဖြင့်၊ သူက  ဆေးမြို့တော်အား မျက်နှာသာပေးကာ သူ၏ အကြီးအကဲရာထူးအတွက် အင်အား စုစည်းနိုင်မည်ဖြစ်သည်။ ဤအခြေအနေမှာ ဆုံးရှုံးမှုထက် အကျိုးအမြတ်မှာ ပိုများနိုင်သည်။ ဤတွင်၊ သူက မြှားတစ်စင်းဖြင့် ပစ်မှတ်နှစ်ခုအား ပစ်လိုက်ခြင်းပင်။ Xie Deyi မှာ အကြောင်းမဲ့ ဘိုးဘေးကောင်စီ၏  ခေါင်းဆောင် ဖြစ်နေခြင်း မဟုတ်ဟု ဆိုရပေမည်။ သေချာသည်မှာ သူကလည်း ရှုပ်ထွေးသည့် လူတစ်ယောက်ပင်။ ထို့အပြင် သူ့နောက်တွင် ဆက်ဆံရခက်သော အခြားလူ Ouyang Ningnuo မှာ ရပ်နေသည်။

Han Yunxi  မှာ ခေါင်းငုံ့ကာ Long Feiye  အား တီးတိုးပြောလိုက်သည်။ “ရှဲ့မျိုးနွယ်အတွက် မင်္ဂလာဝတ်စုံချုပ်ပေးပြီး အဆုံးမသတ်ရပါစေနဲ့။”

Mu Yingdong  နှင့် Jun Yixie  မှာ ပူးပေါင်းနေသည်ဟု ခေါင်းဆောင်အကြီးအမှူးရှဲ့အား ယုံကြည်စေရန် ပြုလုပ်ခဲ့သူမှာ Han Yunxi  ပင်။ သို့တိုင် သူတို့၏ စဥ်းစားကြံစည်ထားသမျှ အားထုတ်မှုများမှာ ရှဲ့မျိုးနွယ်အား အထိအခိုက်မရှိစေလျှင် သူမက သေချာပေါက် ငိုမိလိမ့်မည်။

မူမျိုးနွယ်ခေါင်းဆောင်၏ တံဆိပ်ပါသော သဘောတူညီချက်မှာ လူကြားထဲတွင် ဖြတ်သွားနေသည်။ နောက်ဆုံးတွင် သခင်မ Lianxin  ထံရောက်သွားပြီး ၎င်းအား တစ်ချက်သာ ကြည့်ကာ Mu Yingdong  အား မုန်းတီးစွာ ကြည့်လိုက်သည်။ Mu Yingdong  မှာ ရပ်နေကာ မိုးကြိုးပစ်ခံရသကဲ့သို့ နေရာတွင် အမြစ်တွယ်နေသည်။ သူ၏ မျက်နှာမှာ မည်းမှောင်နေကာ နီရဲနေသည်။ သူက အလွန်တောင့်တင်းနေပြီး တုန်ရင်နေသော လက်များမှ လွဲ၍  ကြွက်သားတစ်မျှင်ပင် မလှုပ်ရှားနိုင်ပေ။ သူ၏ စိတ်တွင်းမှ ဗလာဟင်းလင်းဖြစ်နေကာ အထိတ်တလန့်ဖြစ်နေမှုမှ သတိဝင်လာရန် တိုက်ခိုက်နေဆဲပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now