အခန်း (၅၉၅)
ဒါဆိုလည်း သူ့ကို ဖျက်ဆီးရအောင်။
သူ့ကိုလွှဲပေးမလား။ မပေးဘူးလား။
Ning Cheng မှာ ပြသနာအား စတင်ခဲ့ပြီးနောက် နောက်ပြန်ဆုတ်တော့မည် မဟုတ်ပေ။ ချူမျိုးနွယ် မှ ငြင်းဆန်ပါက အစီအစဉ်များအားလုံး အချည်းနှီးဖြစ်သွားလိမ့်မည်။ Chu Yunyi ၏ ယူဆချက်များ မှန်ကန်ပါက Ning Cheng ၏စကားများသည်လည်း အကျိုးရှိနိုင်သည်။ ချူမျိုးနွယ်မှာ ထျန်းနင် ထီးနန်းအား ရရှိရန် ဖြစ်နိုင်ခြေ ၉၀ မှ ၁၀၀ ရာခိုင်နှုန်းကြားတွင်ရှိသည်။ ဒီမျိုးနွယ်အား အပေါင်ပစ္စည်းအဖြစ် တစ်စုံတစ်ရာ လဲလှယ်ပေးမှသာ တရားမျှတလိမ့်မည်။
Ning Cheng မှာ အနောက်ချင်တော်ဝင်မျိုးနွယ်အပေါ် မယိမ်းမယိုင် သစ္စာစောင့်သိသူဖြစ်ကြောင်း Chu Yunyi မှာ သိနေသည်။ ယို့မျိုးနွယ်မှ သူ၏ တောင်းဆိုချက်တွေအား သဘောတူပေးလိုက်လျှင် ဒီမျိုးနွယ်မှာ သူတို့နှင့် တိုက်ခိုက်လာမည် မဟုတ်ကြောင်း သေချာနိုင်သည်။ သူတို့က ထီးနန်းအား သိမ်းပိုက်ပြီးသည်နှင့် ထျန်းနင်နေရာ အများစုအား ချုပ်ကိုင်နိုင်လျှင် နင်မျိုးနွယ်အား ဖြည်းညင်းစွာ အားပျော့သွားစေရန် လွယ်ကူသွားလိမ့်မည်။ သို့သော် အရာအားလုံးထဲမှ Ning Cheng မှ တောင်းဆိုလာသည်မှာ သူ့အား ချောက်ချားသွားစေနိုင်သော Gu Beiyue ဖြစ်နေလေသည်။
Gu Beiyue မရှိတော့ရင် ဘယ်သူက ငါ့မျက်လုံးကို ကုပေးမှာလဲ။
“အဲ့ဒီအစား ငါက မင်းကို ဧကရီရွှယ်ကို ပေးရင်ကော။" Chu Yunyi မှာ မေးမြန်းလိုက်သည်။
“မလိုဘူး။" Ning Cheng မှာ ဒုတိယအကြိမ်ပင် မတွေးပဲ တုံ့ပြန်လိုက်သည်။
Chu Yunyi ၏ မျက်လုံးများတွင် ဆိုးယုတ်မှုများ ဖြတ်သွားတော့သည်။ အကယ်၍ Ning Cheng ထံ မည်သည့် အတွင်းလူမှ Gu Beiyue အကြောင်း ဖော်ထုတ်ခဲ့မှန်း သူက သိရလျှင် အစတစ်ထောင် ဆုတ်ဖြဲပစ်မည်။ သူက တိတ်ဆိတ်နေသည်အား မြင်လျှင် Ning Cheng မှာ စိတ်မရှည်စွာ မေးလိုက်တော့သည်။ “ခင်များ သူ့ကို လွှဲပေးမှာ မပေးဘူးလား။”
“ဒီအဘိုးကြီးက သုံးရက်ပြီးရင် မင်းကို အဖြေပေးမယ်။ ဘယ်လိုလဲ။" Chu Yunyi မှာ အချိန်ဆွဲရန် ကြိုးပမ်းလိုက်သော်လည်း Ning Cheng မှာ မဝယ်ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...